
Teen Movie တွေသဘောကျတယ် ဇာတ်အိမ်အကြီးကြီးတွေ လှည့်ကွက်တွေမပါဘဲ ပေါ့ပေါ့ပါးပါးဟာသကားလေးတွေ ကြည့်ချင်တယ်ဆိုတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် Good Burger ဆိုတဲ့ movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ ဒီကားမှာက loveline တွေလည်းမပါဘဲ အက်ဒ်နဲ့ ဒက်စ်တာဆိုတဲ့ လူငယ်လေးနှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဉ်ကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ အက်ဒ်က ဂွတ်ဘာဂါဆိုတဲ့ အသင့်စားသရေစာဆိုင်လေးက ခပ်အအဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဒက်စ်ကတော့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ နွေရာသီအားလပ်ရက်မှာ အေးအေးဆေးဆေးလေး chill ဖို့ အစီအစဉ်တွေဆွဲရင်း အပျော်ကြီးပျော်နေတဲ့ဒက်စ်ဟာ အက်ဒ်ရဲ့ပယောဂမကင်းတဲ့ ကားမတော်တဆမှုတစ်ခုကြောင့် လျော်ကြေးပေးဖို့အတွက် ဂွတ်ဘာဂါမှာအလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ဂွတ်ဘာဂါနဲ့မျက်နှာချင်းဆိုင်မှာ မွန်ဒိုဘာဂါဆိုတဲ့ ဆိုင်အကြီးကြီးတစ်ဆိုင်လာဖွင့်ပြီး ဂွတ်ဘာဂါကိုအလဲထိုးဖို့ အဖက်ဖက်ကကြိုးစားလာတဲ့အခါမှာတော့ လူစွမ်းကောင်းလည်းမဟုတ် စွမ်းအားရှင်လည်းမဟုတ်တဲ့ ဒီလူငယ်လေးနှစ်ယောက် ဂွတ်ဘာဂါကိုကယ်တင်ဖို့ ကြိုးစားကြပုံကို ဟာသအဖုံဖုံနဲ့တွဲဖက်တင်ဆက်ပေးထားတာမို့ ကြည့်ရှုခံစားရင်း အပန်းဖြေလိုက်ကြပါဦးဗျာ။ File size…(2.49GB) / (`1.52GB) / (819MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre... Comedy / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |