
ဒီဇာတ်ကားလေးဟာတော့ 2017 ခုမှထွက်ရှိခဲ့တဲ့ mystery triller film အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Jang Hang-jun ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ Kang Ha-neul, Kim Mu-yeol, Moon Sung-keun နဲ့ Na Young-hee တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ rating အနေနဲ့ကတော့ IMDb rating 7.4/10 အထိ ရထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အိမ်မက်ဆိုးတစ်ခုကနေလန့်နိုးလာတဲ့ လူတစ်ယောက် (ဂျင်ဆော့) ။ သူဘေးနားမှာ သူ့အကိုရယ် ၊ သူ့အမေရယ် ၊ သူ့အဖေရယ် နဲ့ အိမ်အသစ်ကိုပျော်ပျော်ရွှင်ရွှင် ပြောင်းလာခဲ့ကြတယ်။ ဂျင်ဆော့အတွက် အိမ်အသစ်ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ထူးဆန်းစွာပဲ ဒီအိမ်ကို အရင်ကပဲ ရောက်ဖူးသလိုလို ခံစားနေရတယ်။ ပြီးတော့ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အသံတွေကိုလည်း ဂျင်ဆော့တစ်ယောက်ပဲ ထူးဆန်းစွာ ကြားနေရတယ်။ တစ်ညမှာတော့ သူ့အကိုနဲ့သူ လေညှင်းခံထွက်ရင်း သူ့အကိုပြန်ပေးဆွဲခံခဲ့ရတယ်။ အဲ့ဒီနောက် ၁၉ ရက်မြောက်အကြာမှာ သူ့အကိုပြန်ရောက်လာခဲ့ပြီး ထူးဆန်းတဲ့အမူအကျင့်တွေ ပြောင်းလဲလာခဲ့တယ်။ ဒါကို ဂျင်ဆော့တစ်ယောက် သဲလွန်စကနေတဆင့် လိုက်လံအဖြေရှာရင်း လုံးဝမထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ ဒီလောက်ပဲပြောပြတော့မယ် ။ ဘယ်လို အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြီးဆုံးသည်ထိကြည့်ချင်အောင် ဆွဲဆောင်သွားမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာပဲ ကြည့်ကြည့်လိုက်ပါနော်။ ထိပ်လန့်ခြောက်ခြားစရာ၊ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြိုက်တဲ့သူများအတွက် အရမ်းကြည့်ရတန်မယ့်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Atn Htet ပါ) File Size : (850 MB) Quality : HD Rip 720p Running Time : 1hr 48min Format : Mp4 Genre :Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : HDRip 720p H264 AAC-Unknown Translated by Atn Htet Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |