
Five Friends (2024) IMDb Rating (7.5) Five Friends ဒါမှမဟုတ် Sekawan Limo လို့ နာမည်ရတဲ့ ရုပ်ရှင်က အင်ဒိုနီးရှားနိုင်ငံက ဒါရိုက်တာ Baya Skak ကိုယ်တိုင် ရိုက်ကူး တည်းဖြတ်ပြီးတော့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီရိုက်တာ Bayu က ၂၀၁၈ မှ စတင်ပြီး တည်းဖြတ်လောက ရိုက်လာခဲ့ပေမယ့် အင်ဒိုနီးရှားအတွက် နာမည်ကြီး YouTube Influencer တစ်ယောက်ပါ။ ရိုက်ထားခဲ့တဲ့ ဇာတ်ကားတွေ အကုန်လုံးကလည်း IMDB 6 ဒါမှမဟုတ် 7 အထက်ရှိတဲ့ကားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဇူလိုင် ၂၀၂၄ က ထွက်ရှိထားတဲ့ ဒီ ဇာတ်ကားဟာဆိုရင်လည်း IMDB 7.5 အထိရရှိထားတဲ့ ဟာသသရဲဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အင်ဒိုနီးရားက တောင်တွေတိုင်းမှာ သူ့အစဉ်အလာနဲ့သူ ဒဏ္ဍာရီများစွာရှိပါတယ်။ မာဒိုပူရိုလိုခေါ်တဲ့တောင်ရဲ့ ဒဏ္ဍာရီလာ စကားတော့ “အနောက်ကိုလှည့်မကြည့်နဲ့၊ မင်းနောက် တစ်ခုခုလိုက်လာလိမ့်မယ်”ပေါ့။ တစ်နေ့မှာ ဘာဂါ့စ်လို့ခေါ်တဲ့ သက်လတ်ပိုင်းယောက်ျားလေးတစ်ယောက်က သူတက္ကသိုလ်ကျောင်းသားဘဝက ကျောင်းနေဖက်ဖြစ်ပြီး ကြိတ်ကြွေနေခဲ့ရတဲ့ လန်နီနဲ့အတူ မာဒိုပူရိုကတောင်ကို ခရီးထွက်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ လန်နီက သူတောင်တက်ဖို့ ချိန်းထားတဲ့ရက်က အင်ဒိုနီးရှားမှာ ပြဿဒါနေ့အကြီးစားဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ တောင်တက်ဖို့သွားရင်းတောင်ခြေက မှတ်ပုံတင်စခန်းမှာ အစောင့်တွေကတောင်ကို လူအရေအတွက် မဂဏာန်းနဲ့မတက်ရဘူးလို့ မှာခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ ဒစ်ကီနဲ့ ဘာဂါ့စ်တို့ သူငယ်ချင်းနှစ်ယောက် တောင်စတက်ဖို့ဖြစ်လာပါတယ်။ အမှတ်မထင်ဘဲ လမ်းမှာလည်း ဂျူနာဆိုတဲ့ သူငယ်ချင်းတွေက ချန်ခဲ့လို့ တစ်ယောက်ထဲကျန်ခဲ့တဲ့ ခရီးသွား ဂျူနာဆိုတဲ့ အမျိုးသားနဲ့ထပ်ဆုံခဲ့ပါတယ်။ လမ်းမှာကျပြန်တော့လည်း မေ့လဲနေတဲ့ အန်ဒရူးဆိုတဲ့လူတစ်ယောက်နဲ့ ဘာဂါ့စ်တို့အဖွဲ့ ထပ်တိုးခဲ့ပါသေးတယ်။ ဒီလိုနဲ့ လူကလည်းငါယောက်ဖြစ်သွားတဲ့အပြင် တောင်ရဲ့ ဒဏ္ဍာရီကိုပါချိုးဖောက်လာတဲ့အခါ ကံဆိုးမိုးမှောင်တွေ စပြီးကျလာပါတော့တယ်။ ဒီလိုဆက်သွားရင် ဘာဂါ့စ်က သူတို့ရဲ့ လူငါးယောက်အဖွဲ့ထဲက တစ်ယောက်က လူမဟုတ်ဘူးဆိုတာကို သတိထားမိသွားတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.5 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Comedy, Horror Duration….01:54:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | 920 MB | Download | |
| 720p | 920 MB | Download | |
| 720p | 920 MB | Download | |
| 720p | 920 MB | Download | |
| 720p | 920 MB | Download | |
| 720p | 920 MB | Download |