
ဒီရုပ်ရှင်ကတော့ ထုံးစံအတိုင်း အချောင်ဈေးနဲ့အိမ်ဝယ်မိတဲ့ လင်မယားနောက်တစ်တွဲပါပဲ။ ကိုယ့်လူတို့ရေ အိမ်ဝယ်ဆိုရင် သေချာစုံစမ်းပြီးမှ ဝယ်ကြပါလို့ ဒီဇာတ်ကားလေး ပြောပြသွားမှာပါ လူကုံထံရပ်ကွက်က အိမ်ကြီးတစ်လုံးမှာ နှစ်ပေါင်းများစွာက လင်မယားနှစ်ယောက်သေခဲ့လို့ဆိုပြီး ဈေးအရမ်း လျှော့ရောင်းထားတာကို အယ်ဒမ်ဆိုတဲ့ တစ်ယောက်က သိသိနဲ့ အိမ်ပိုင်လေးလိုချင်လို့ ဝယ်ခဲ့တာပါ ပြီးတော့ သူက ကြွားလည်းကြွားတတ်တော့ အိမ်ကြီးမှာ အိမ်သစ်တက်ပွဲ ပါတီလေးလုပ်ပါလေရော အဲဒီမှာပဲ သူရော သူ့မိန်းမရောနဲ့ မသိတဲ့ စုံတွဲတစ်တွဲဟာ ရောက်လာခဲ့တာပါ အဲဒီမှာပဲ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရတော့တာပါပဲ သူတို့မဖိတ်ဘဲရောက်လာတဲ့သူတွေက ဘယ်သူတွေလဲ ဘာလို့ သူများအိမ်ရဲ့ပါတီကို မသိဘဲရောက်လာတာလဲ အိမ်ကြီးထဲကလူသတ်မှုကရော ဘာကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်လို့ကောင်းမဲ့ကားကောင်းလေးပါပဲ File size…(910MB)/(392MB)/(229MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre…Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield