
Father’s Haunted House (2024) ******************************** အခုတစ်ခါမှာတော့ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန် သရဲဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူက ဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသဆိုပေမဲ့လည်း ရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရတဲ့ကားလေးဖြစ်ပါတယ်။ ဒိုဒစ်, အဖေ, အမေရယ်, အစ်ကိုဒေဝိုနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့ မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကို ကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့မိသားစုလေးဟာ အဖေဖြစ်သူရဲ့ ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်းမှာ တာဝန်ကျလာတဲ့အခါမှာတော့ .. အဖေဖြစ်သူကို အစိုးရကချထားပေးတဲ့ အိမ်လေးမှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့ အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့ တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ်လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေ ကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံမှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲ ကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုးဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ ဒီလိုနဲ့ ဒီမိသားစုလေး .. အဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ……. ခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲ …… ဆိုတာကို အခွီလေးနဲ့ကြည့်ရှုရမယ့် သရဲဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းကို CharOu မှ ရေးသားထားပါတယ်) File size…967MB / 439MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 967MB | Download | |
| 1080p | 967MB | Download | |
| 1080p | 967MB | Download | |
| 1080p | 967MB | Download | |
| 720p | 439MB | Download | |
| 720p | 439MB | Download | |
| 720p | 439MB | Download | |
| 720p | 439MB | Download | |
| 720p | 439MB | Download |