
ထွက်ရှိထားတာ မကြာသေးတဲ့ ဒီဇာတ်ကားဟာ Action/Sci-fi အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Roman Elpidio ရိုက်ကူးထားတာပါ။ ကြာချိန် တစ်နာရီခွဲခန့်သာရှိပြီး Sci-fi အနည်းအကျဥ်းပါပေမဲ့ အက်ရှင်ဇာတ်ကားလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ BRI လို့ခေါ်တဲ့ ပရိုဂရမ်တစ်ခုဟာ ခြေလက်အင်္ဂါတွေ ပျက်စီးဆုံးရှုံးသွားရင်တော့ အလိုလိုပြန်ထွက်လာမဲ့ စွမ်းရည်မြင့် စူပါစစ်သည်တွေကို မွေးထုတ်ပေးမဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒီပရိုဂရမ်ရဲ့ ပဲ့ကိုင်ရှင်က ဒေါက်တာ Marco ဖြစ်ပါတယ်။ ပရိုဂရမ် အဆုံးမသတ်ရသေးခင်မှာပဲ Jasper ဆိုတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဒေါက်တာ Marco ကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး သစ္စာဖောက်ပါတော့တယ်။ အဲဒါကြောင့် ဒေါက်တာ Marco လည်း ကမ္ဘာအရပ်ရပ်က အိမ်ခြေရာမဲ့ စစ်သည်ဟောင်းလေးဦးကို ခေါ်ယူလေ့ကျင့် အဆင့်မြှင့်တင်ပေးပြီး Jasper ရဲ့ စီမံကိန်းကို ဟန့်တားရပါတော့တယ်။ ဘတ်ဂျက်ရုပ်ရှင်ဆိုပေမဲ့ အက်ရှင်ခန်းတွေက ထင်ထားတာထက် ကောင်းမွန်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဇာတ်အိမ်က အက်ရှင်ကားအများစု ထုံးစံအတိုင်း အနည်းငယ် အပ်ကြောင်းထပ်နေပေမဲ့ အတိုင်းအတာတစ်ခုထိ ဖျော်ဖြေမှုပေးနိုင်ပါလိမ့်မယ်။ File size…(1.1 GB)/(680 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim