
Dredd (2012) IMDb Rating (7.1) / Rotten Tomatoes (80%) The Boys ထဲက Oi….ဘီလီဘွတ်ချာကြီး Karl Urban အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ Dredd (2012) ဆိုတဲ့ အက်ရှင် Sci-Fi ရုပ်ရှင်တစ်ကား တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီး Judge Dredd ကာတွန်းဇာတ်ကောင်ကို အခြေခံထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းသွားက အနာဂတ်ကာလ၊ မယ်ဂါစီးတီဝမ်းမြို့ကြီးမှာ တရားရေးရာအကဲဖြတ်၊ တရားသူကြီးနှင့် ကွပ်မျက်သုတ်သင်သူများအဖြစ် တစ်ယောက်တည်းက တာဝန်အားလုံးကို ထမ်းဆောင်ရတဲ့ တရားသူကြီးတွေကို မိတ်ဆက်ပေးထားပါတယ်။ ဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Judge Dredd ဆိုတာ အလိုအလျောက် တရားစီရင်နိုင်တဲ့ တရားသူကြီးတစ်ယောက်ပါ။ သူက မယ်ဂါစီးတီဝမ်းရဲ့ အန္တရာယ်အများဆုံးနေရာတွေကို တာဝန်ယူထားရသူပေါ့။ သူနဲ့အတူ သူ့ရဲ့ အကဲဖြတ်ခံ လူသစ် Judge Anderson (Olivia Thirlby) တို့က မူးယစ်ဆေးလူဆိုးအဖွဲ့နှင့် ထိပ်တိုက်ပွဲတွေ နွှဲရတဲ့ဇာတ်ကြောင်းပါပဲ။ နာမည်ကြီး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် Ma-Ma (Lena Headey) က အမြင့် ၂၀၀ ထပ်ရှိတဲ့ အဆောက်အအုံတစ်ခုအတွင်းကို အုပ်ချုပ်မင်းလုပ်နေတဲ့အချိန် ။ Dredd နှင့် Anderson တို့က Ma-Ma ကို အပြစ်ဒဏ်ပေး သုတ်သင်ရမှာပါ။ မယ်ဂါစီးတီးဝမ်း ဆိုတာက ဇာတ်လမ်းရဲ့ အခြေခံနေရာဖြစ်ပြီး အနာဂတ်ကာလတစ်ခုမှာရှိတဲ့ မြို့ကြီးတစ်မြို့ပါ။ ကမ္ဘာပျက်မှုကြောင့် အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲနှုန်းမြင့်မားမှု အရှိန်ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ နေရာတစ်ခုပါပဲ။ နေထိုင်သူတွေက စည်းကမ်းမဲ့ ပရမ်းပတာတွေ လုပ်ကြတာကြောင့် အကြမ်းဖက်မှု လူသတ်မှု မူးယစ်ဆေးဝါးမှုတွေ ဖြစ်လာပြီး တရားသူကြီးများကပဲ တရားစီရင်မှုကို ထိန်းသိမ်းနေကြရတာပါ။ တရားသူကြီးတွေဆိုတာက နယ်မြေထဲက ရာဇဝတ်မှုတွေကို တရားစီရင်ရမှာဖြစ်ပြီး အခြားသော ဆက်စပ်ကိစ္စများ အပါအဝင် ကောလာဟလများကို ပျံ့လွင့်ခြင်းမရှိရဖို့ ကြီးမားသော အခွင့်အာဏာတွေ ရထားတဲ့သူတွေပါ။ လုပ်ပိုင်ခွင့်များသူတွေဖြစ်လို့ တရားသူကြီးတစ်ယောက် ဖြစ်ဖို့တော့ မလွယ်ဘူးပေါ့။ ဒီဇာတ်လမ်းမှာ အရေးပါတဲ့ မူးယစ်ဆေး “အနှေးပြကွက်” (Slo-Mo) ဆိုတာ သုံးစွဲသူများရဲ့ အမြင်ရဲ့အမြန်နှုန်းကို ၁၀ ရာခိုင်နှုန်းအထိ နှေးကွေးစေတဲ့ ထူးခြားတဲ့ ဆေးတစ်မျိုးပါ။ ဆေးရဲ့သက်ရောက်မှုကြောင့် သုံးစွဲသူတွေက သာယာမှုတွေ အမြင်ဆန်းမှုတွေခံစားရလို့ လူကြိုက်များတဲ့ ဆေးပါပဲ။ Judge Anderson ဆိုတာကတော့ မျိုးရိုးဗီဇကွဲပြားသူတစ်ယောက်ဖြစ်ပြီး သူတပါးရဲ့စိတ်ကို ဖတ်နိုင်ခံစားနိုင်တဲ့ စွမ်းရည်ရှိ တရားသူကြီးတစ်ယောက် ဖြစ်ပါတယ်။ သူက ဒီဇာတ်ကားမှာ Dredd ရဲ့ အစစ်ဆေးခံလူသစ်အဖြစ် စွန့်စားမှုတွေ စတင်ခဲ့သူပါ။ ဒီဇာတ်ကားက ရုံတင်ဝင်ငွေမှာ အရှုံးပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ပြီးလူကြိုက်များခဲ့တဲ့ CULT ဇာတ်ကားတစ်ခုပါ။ Rating သက်မှတ်ချက် မြင့်မားတဲ့ လူကြီးမင်းတို့ အချိန်ပေးထိုက်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်.)
| Provider | Resolution | File Size | |
|---|---|---|---|
| 4K HEVC | 5.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 1080p HEVC | 1.7 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
September 7, 2012
ကြာချိန်
1h 35m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Pete Travis