
Divinity (2023) ~ IMDb – 5.9/10, RT – 57%, Meta – 61% ~ ဦးနှောက်ခြောက်စရာမရှိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ဦးနှောက်ခြောက်ချင်တဲ့လူတွေအကြိုက်တွေ့စေမယ့်ရုပ်ရှင်ပါ။ လက်တွေ့လူ့သမိုင်းတလျှောက်မှာ မအိုဆေးရှာပုံတော်ဖွင့်ခဲ့ကြတာ တစ်ပုံတပင်ရှိပါတယ်။ ဒီအကြောင်းကိုရုပ်ရှင်တွေ ဝတ္ထုတွေ ရေးခဲ့ကြတာလည်း မနည်းပါဘူး။ ဒီရုပ်ရှင်ကတော့ မအိုဆေးရှာတွေ့သွားပြီး မအိုဆေးသောက်ကြသူတွေရဲ့ကမ္ဘာဖြစ်သွားပုံပါ။ တကယ့်အပြင်မှာ မအိုဆေးဆိုပြီး အရက်သောက်ကြသလိုတော့မဟုတ်ဘူး။ ဒါက မအိုဆေးစစ်စစ်ပေါ့။ ဒါပေမဲ့ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။ အဲဒါကိုလည်း ကြည့်ရင်းနဲ့မှ တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရဲ့ ပါဝင်ပစ္စည်းကလည်း သိပ်ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက မသိဘဲ သောက်သုံးကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ ညီအစ်ကို ၂ ယောက်က ကောင်းကင်ပေါ်က ကျလာပြီး အဲဒီဆေးဖန်တီးတဲ့လူကို ဖမ်းချုပ်ပြီး သူ့ရဲ့ဆေးကိုပြန်သွင်းတယ်။ အဲဒီကနေမှ တဖြည်းဖြည်း အထုတ်ဖြည်ပြသွားတာပါပဲ။ ထူးခြားတဲ့အချက်ကတော့ ဒီရုပ်ရှင်ကို အဖြူအမည်းနဲ့ရိုက်ထားတယ်။ ကမ္ဘာကြီးက အိပ်မက်ဆိုးကြီးလိုဖြစ်သွားပုံကိုပြချင်တဲ့သဘောပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Eddie Alcazar က ဂိမ်းဒီဇိုင်နာလည်းဖြစ်တာကြောင့် တချို့အခန်းတွေမှာ ဂိမ်းလိုလို ဘာလိုလို ပုံစံလေးတွေတွေ့ရမယ်။ Cast တွေအနေနဲ့လည်း Baby Don’t Hurt Me Meme ထဲက Michael O’Hearn ကလည်းပါဝင်သလို Emily Willis တို့ Bella Thorne တို့လည်း ပါဝင်ပါတယ်။ ပေါကားလို့ထင်ရက်စရာရှိပေမဲ့လည်း ရယ်စရာတစ်ခန်းမှမပါတဲ့အပြင် လျှို့ဝှက်ချက်တွေ၊ သဘောတရားတွေ အပြည့်နဲ့ အဆုံးအထိ ကြည့်လို့အဆင်ပြေတဲ့ ရုပ်ရှင်တစ်ခုပါ။ ဒီရုပ်ရှင်ကို လူ ၁၀ ယောက်က ကြည့်မယ်ဆိုရင် ၁၀ ယောက်လုံးဆီက မတူညီတဲ့ Theory တွေ ထွက်လာနိုင်ချေရှိတဲ့ ရုပ်ရှင်မျိုးပါပဲ။ နက်နဲသလိုလို ရိုးရှင်းသလိုလိုနဲ့ တကယ် ခေါင်းစားချင်စရာရုပ်ရှင်ကြိုက်ရင်တော့ မြည်းစမ်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 680MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.65GB | Download | |
| 1080p | 1.65GB | Download | |
| 1080p | 1.65GB | Download | |
| 1080p | 1.65GB | Download | |
| 720p | 680MB | Download | |
| 720p | 680MB | Download | |
| 720p | 680MB | Download | |
| 720p | 680MB | Download | |
| 720p | 680MB | Download |
ထုတ်လွှင့်သည့်နေ့
October 13, 2023
ကြာချိန်
1h 34m
အဆင့်သတ်မှတ်ချက်
5.9 / 10
Director
Eddie Alcazar