
Diddy: Monster’s Fall (2025) IMDb Rating (4.7) အထူးသဖြင့် ၉၀ရာစု နဲ့ ၂၀ရာစု အတွင်း နှစ်ပေါင်းများစွာနာမည်ယူထားနိုင်ထားတဲ့ ဂီတလောကရဲ့စွယ်စုံရ Diddy (သို့) Puff Diddy (သို့) P.Diddy စသဖြင့် နာမည်ပြောင်များစွာဖြင့်လူသိများတဲ့ အနုပညာရှင်ကြီးဟာ အောက်ခြေကနေ တက်လာခဲ့ရပြီး ကျိကျိတက်ချမ်းသာလာတာတောင် မရောင့်ရဲနိုင်ဘဲ အာဏာတွေ ပါဝါတွေကို ရူးသွပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရန်ပုံငွေအတွက် ပရဟိတဘာညာအတွက်ဆိုပြီးအကြောင်းပြကာ သာမန်လူတွေအနားမကပ်နိုင်တဲ့ ဒိတ်ဒိတ်ကြဲတွေကိုသာဖိတ်တဲ့ ပါတီကြီးတွေကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ သူနဲ့ နီးစပ်ရာလူတွေကတော့ Diddyဟာ သူ့ကိုယ်သူ “Party King”ဆိုပြီး သတ်မှတ်ထားပါတယ်တဲ့။ သာမန်လူတွေအဖို့ Diddy တစ်ယောက် ပါတီပွဲတွေကျင်းပတာဟာ အပျော်အပါးအတွက်သာ ရန်ပုံငွေအတွက်သာလို့ တွေးကြပေမယ့် တကယ်တမ်းမှာတော့ အပျော်ကနေအပျက်ဆိုသလိုပဲ ပါတီကိုစီစဉ်သူ Diddy နဲ့ သူ့ရဲ့အပေါင်းအပါတွေအတွက်ကတော့ အပျော်အတွက် ကျင်းပတယ်လို့ဆိုနိုင်ပေမယ့် ပါတီရဲ့အဓိကရည်ရွယ်ချက်ကိုမသိသူတွေအတွက်ကတော့ အပျက်ဖြစ်သွားနိုင်ပါတယ်။ ပါတီကိုနှစ်မျိုးနှစ်စားခွဲခြားထားပါတယ် ပထမတစ်သုတ်ကတော့ ဒိတ်ဒိတ်ကြဲတွေကိုဖိတ်ပြီး ပါတီဆင်နွှဲကြပါတယ်။ ဒိတ်ဒိတ်ကြဲတွေပြန်သွားရင်တော့ Afterparty ဆိုပြီး ဒုတိယအသုတ်စပါတယ်။ ဒုတိယအသုတ်မှာတော့ Diddy ရဲ့ပါတီကျင်းပရာနေရာဟာ မင်းမဲ့တိုင်းပြည်ကြီးတစ်ခုလိုပါပဲ။ လူကျင့်ဝတ်နဲ့မညီတဲ့အရာတွေ အာဏာနဲ့ပါဝါကိုအသုံးချပြီးထင်ရာစိုင်းကြတာတွေ အစုံပလုံပါပဲ။ ဒီ Documentry မှာလည်း Diddy ရဲ့အောက်ခြေဘဝကစလို့ အခုလက်ရှိ လိင်မှုရေးရာ အရှုပ်ထုပ်တွေကြောင့် တရားရင်ဆိုင်နေရတဲ့အချိန်အထိ အကြောင်းအရာတွေများစွာ စုံစုံလင်လင်တင်ပြပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(1.8 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Documentary,Drama Duration….01:00:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Yamone