
ဆက်ပ်ပါဘေကွန်ဆိုတာကတော့ အလွန်ငြိမ်းချမ်းပြီးတော့၊မြို့ကြီးပြကြီးတွေလိုကားသံယာဉ်သံတွေနဲ့ရှုပ်ထွေးကြပ်ညှပ်နေခြင်းမရှိတဲ့ တောမကျမြို့မကျနေရာလေးတစ်ခုပဲဖစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၉၄၀-၅ဝဝန်းကျင်တွေလောက်ကကြီးထွားခဲ့တဲ့ လူဖြူလူမည်းခွဲခြားရေးပြဿ နာပေါ်မူတည်ပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ အဆိုပါ ဆက်ပ်ပါဘေကွန်ဟာတော့ လူဖြူအများစုသာနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။ တနေ့မှာတော့ လူမည်းမိသားစုဖြစ်တဲ့ မေယာတို့မိသားစုဟာအဆိုပါဒေသကိုပြောင်းရွေ့လာတဲ့အခါမှာတော့လူဖြူတွေကအပြင်းအထန်ကန့်ကွက်ကြပြီး လူမည်းမိသားစုကိုဆက်ပ်ပါဘေကွန်ကထွက်ခွာသွားအောင် နည်းအမျိုးမျိုးနဲ့လုပ်ဆောင်ပါတော့တယ်။ သို့ပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဲ့ဒီလူမည်းမိသားစုဟာ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေမဟုတ်ဘဲနဲ့သူတို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ လောချ့်မိသားစုကအဓိကဇာတ်ဆောင်ဖြစ်နေပါတယ်။ မစ္စတာလော့ခ်ဟာအောက်ပိုင်းမသန်တော့တဲ့ သူ့ဇနီးဖြစ်သူရယ် သူ့ရဲ့တစ်ဦးတည်းသောသားကလေးရယ်၊ ခယ်မဖြစ်သူတို့နဲ့အတူနေပါတယ်။ တစ်ညမှာ မစ္စတာလော့ချ်တို့မိသားစုမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး မသန်စွမ်းတဲ့ဇနီးသည်ရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါ အကြမ်းဖက်မှုမှာ မစ္စတာလော့ချ်ကိုယ်တိုင်ပါဝင်ပက်နေတာဖြစ်ပါတယ်။ ဘာကြောင့်မစ္စတာလော့်ချ်က ဒီလိုမျိုးလုပ်ရတယ်၊ အဲ့ဒီကနေပြဿ နာတွေကြီးထွားလာပြီးဘာဆက်ဖြစ်မယ်၊ ဘယ်လိုအလိမ်တွေပေါ်ကုန်မလဲ၊ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကိုတော့ ဇာတ်လမ်းကလေးမှာဆက်လက်ကြည့်ရှု့လိုက်ပါ။ ဒီဇာတ်လမ်းကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းလေးဟာ ကြည့်ပြီးသွားရင် ဘာမှမရလိုက်တဲ့ပေါကားဇတ်လမ်းမျိုးမဟုတ်ပါဘူး။ ကြည့်ပြီးတာနဲ့ တစိမ့်စိမ့်နဲ့စဉ်းစားစရာတွေချန်ထားခဲ့မယ်ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ချ်ကတော့ လူတွေရဲ့အပြင်ပန်းအသွင်အပြင်နဲ့အသားအရောင်တွေကိုကြည့်ပြီးတော့ လူမျိုးရေးခွဲခြားနေတာဟာ လုံးဝမဖြစ်သင့်ကြောင်းပြသသွားတာပါ။ လူမည်းဖြစ်ပေမယ့်စိတ်ထားဖြူစင်တဲ့ မိသားစုကိုတော့လူတွေကပစ်ပယ်ကြပြီး၊ လူဖြူ ဖြစ်ပြီး စိတ်ဓာတ်ညစ်နွမ်းတဲ့မိသားစုကိုတော့ သနားနေကြတဲ့ပုံကိုပညာသားပါပါလေးတင်ပြသွားတာပါ။ ကြည့်ပြီးရင်မိမိအတွက်တစ်ခုခုပြန်ရလိုက်မယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-Replica Translated by Ye Yint Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |