
ဒီတခါမိတ်ဆက်ပေးချင်တာကတော့ ခရစ်စမတ်အငွေ့အသက်တွေနဲ့ Hallmark moviesတွေထဲက မိသားစုကားကောင်းလေးတကားပါ။ ရေဂန် ရိုင်လေဆိုတာက နာမည်ကြီး အလွတ်တန်းစုံထောက်မလေး။ မိခင်ကလည်းနာမည်ကြီးစာရေးဆရာမ နိုရာ ရိုင်လေ ဖြစ်သလို ဖခင်ဖြစ်သူကလည်း အသုဘအိမ်လုပ်ငန်းရဲ့သူဌေးကြီး လုခ်ရိုင်လေ။ ခရစ်စမတ်အချိန်အခါမှာ သူမရဲ့ နွေးထွေးလှတဲ့မိသားစုနဲ့အချိန် ဖြတ်သန်းဖို့အိမ်ကိုရောက်နေခဲ့ချိန်မှာပဲ သူမရဲ့ဖခင်ကပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူမအမေရဲ့ပရိတ်သတ်ဖြစ်တဲ့ အရမ်းစပ်စုသလောက် တော်လည်းတော်တဲ့ အပျော်တမ်းစုံထောက် အယ်ဗိုင်ရာနဲ့အတူ သူမရဲ့ဖခင်ဖြစ်သူကိုဘယ်လိုရှာဖွေကြမလဲ။ ပြန်ပေးဆွဲသူကဘယ်သူလဲ ဘာကြောင့်လုပ်ရတာလဲ။ သူ့အမှုကို ကူညီဖို့အယ်ဗိုင်ရာခေါ်လိုက်တဲ့ စုံထောက်လေး ဂျက်ခ်နဲ့ရော ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲ။ ဒီခရစ်စမတ်မှာ ဒီမိသားစုတွေအတူတကွ ပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာကို ဒီ Deck the halls ဆိုတဲ့ မိသားစု ခရစ်စမတ်ကားလေးမှာ ရှုစားအားပေးကြပါဦး File size… 1.3 GB / 640 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman