
ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB) / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.63GB | Download | |
| 720p | 1.36GB | Download | |
| 1080p | 2.63GB | Download | |
| 720p | 1.36GB | Download |