
Action ကားကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Bangkok Storm ဆိုတဲ့ လက်ဝှေ့ကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မြေအောက်လက်ဝှေ့ချန်ပီယံဖြစ်သူ လင်ဖုန်းဟာ အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်ခံနေရတဲ့ကြားက လက်ဝှေ့အတုမထိုးတဲ့အတွက် လုပ်ကြံခံခဲ့ရလို့ အတိတ်မေ့သွားခဲ့ပါတယ်။ အတိတ်မေ့သွားတဲ့ လင်ဖုန်းတစ်ယောက် အပေါ်ယံမှာတော့ ရိုးသားဖြူစင်ပြီး ပေါ့ပေါ့ပါးပါးနေသလို ဖြစ်နေပေမဲ့ အတိတ်က အဖြစ်အပျက်တွေမှာတော့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ရန်ငြိုးအသစ် အဟောင်းတွေ ရောထွေးနေပေမယ့်လည်း သိုင်းပညာစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းပြီးတော့ ဒုစရိုက်ဂိုဏ်းတွေနဲ့ လုံးဝ မပူးပေါင်း ခဲ့ပါဘူး။ နောက်ဆုံးမှာ သူ့ရဲ့ ကိုယ်ပိုင် အစွမ်းဖြင့် လောင်းကစားရုံကို ဖျက်ဆီးခဲ့နိုင်ပြီး မကောင်းမှုတွေကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လင်ဖုန်းတစ်ယောက် ဒုစရိုက်ဂိုဏ်းကြီး တစ်ခုလုံးကို ဘယ်လို တိုက်ခိုက်မလဲ...... သူချစ်ရတဲ့ လူတွေကိုရော အန္တရာယ်ထဲက ကြိုးစား ကာကွယ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK