
သရဲရှိတဲ့နေရာတွေကို သွားပြီးသရဲတွေကိုရှင်းလင်းရေးလုပ်တဲ့ နေရာမှာနာမည်အကြီးဆုံး Ghost Buster တို့ Conjuring ထဲက ဝါရန်တို့ကိုတော့မသိတဲ့သူက ခပ်ရှားရှားပဲဖြစ်မှာပါ။ အခုတင်ဆက်ပေးမဲ့ IMDb Rating 5.9 ရရှိထားတဲ့ Deadtectives ဆိုတဲ့ ဇာတ်ကားလေးကလည်းအဲ့လိုနာမည်ကြီးရုပ်ရှင်တွေကို Inspire ယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒါပေမယ့် ဒီကား ကျတော့ အတည်ပေါက်ကြီးတွေအပြင် ဟာသလေးတစ်ဝက် လောက် ထည့်ပြီးသရဲတွေကိုလည်းအရမ်း Serious မလုပ်ထားတဲ့ အတွက်ပေါ့ပေါ့ပါးပါးသရဲကားကြည့်ချင်တဲ့ အသည်းငယ်သူတွေ အတွက်ကတော့အဆင်ပြေစေမဲ့ကားလေးဖြစ်ပါတယ်။ ဆမ် ကိတ် လွိုက် ဟာဗီယာတို့လေးယောက်ပါဝင်တဲ့သရဲဖမ်းတဲ့ အဖွဲ့က အခုလည်းမုန့်ဖုတ်ဆိုင်တစ်ဆိုင်မှာ သောင်းကျန်းနေတဲ့ သရဲကိုသွားရောက်နှိမ်နင်းနေကြပါတယ်။ပစ္စည်းတွေအပြည့်အစုံ တပ်ဆင်ထားပြီး သရဲတွေနဲ့ပတ်သတ်လာရင်တကယ်ကြမ်းတဲ့ ဆရာကြီးတွေလို့ထင်ရပေမဲ့ လုပ်ဇာတ်တွေခင်းပြီးသူတို့ကို အကူအညီတောင်းတဲ့သူတွေကို ဂျင်းထည့်နေကြတဲ့အဖွဲ့ ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ဂျင်းထည့်တဲ့အကွက်တွေက သူတို့ရဲ့အစီအစဉ်ကို ကြည့်ရှုတဲ့လူတွေအတွက်ရင်ခုန်စရာ မကောင်းတော့တဲ့အချိန်မှာတော့ သူတို့ကုမ္ပဏီကသူတို့အဖွဲ့ကို ဖျက်သိမ်းဖို့ တော်တော်နီးလာပါတော့တယ်။ဒါပေမယ့် သူတို့ အတွက်နောက်ဆုံးအခွင့်အရေးအနေနဲ့ မက္ကဆီကိုမှာရှိတဲ့ကြမ်းလှ ပါချည်ရဲ့ဆိုတဲ့ သရဲခြောက်တဲ့အိမ်ကြီးဆီကို လွှတ်လိုက်ပါ တော့တယ်။ဒီလိုနဲ့ အလုပ်သက်တမ်းတစ်လျှောက်လုံး ဂျင်းထည့် လာခဲ့ကြတဲ့ ဆမ်တို့အဖွဲ့တကယ့်သရဲအစစ်တွေနဲ့ တွေ့တဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ ဟာသလေးတွေနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.29GB / 571MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.29GB | Download | |
| 1080p | 1.29GB | Download | |
| 1080p | 1.29GB | Download | |
| 1080p | 1.29GB | Download | |
| 1080p | 1.29GB | Download | |
| 720p | 571MB | Download | |
| 720p | 571MB | Download | |
| 720p | 571MB | Download | |
| 720p | 571MB | Download | |
| 720p | 571MB | Download |