
Cut, Color, Murder (2022) အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒါကြောင့် ပွဲအတွက် စီစဉ်နေတုန်းမှာ ပွဲကိုဦးဆောင်စီစဉ်ပေးနေတဲ့သူက အသတ်ခံလိုက်ရပါတယ်။ သူ့ညီမကလည်း အဲဒီပြိုင်ပွဲမှာပါနေတာကြောင့် အာလီဟာလည်း မဖြစ်မနေ လူသတ်တရားခံကို လိုက်ရှာရပါတော့တယ်။ အာလီတစ်ယောက် ဘယ်လိုသဲလွန်စနောက်လိုက်ပြီး ဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ... ဘယ်သူကရော တကယ့်လူသတ်သမားဖြစ်နေမလဲ... ဒါ့အပြင် သူ့ယောက်ျားကို သတ်ခဲ့တဲ့သူကလည်း သူ မထင်မှတ်ထားတဲ့သူများဖြစ်နေမလား... ဆိုတာကို စုံထောက်ကားကြိုက်တဲ့သူတွေအနေနဲ့ စိတ်ဝင်တစားအားပေးကြည့်ရှုနိုင်မယ့်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက IMDb မှာ ၆.၂ ပဲ ရထားပေမယ့် ၇ ဝန်းကျင်လောက်အထိ ရသင့်တဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ တကယ်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 680MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 24Min Genre - Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |