
The Ainsley McGregor Mysteries: A Case for the Yarn Maker (2025) IMDb Rating (6.6) စုံထောက်ကားကိုမှ ဖန်စီဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေးနဲ့ ကားပါ၊ Ainsley McGregor စာအုပ်စီးရီးကိုပဲ ပြန်ရိုက်ထားတာတယ်။ ဒီစာအုပ်စီးရီးက ၂၀၂၀တုန်းက တစ်အုပ်ထွက်ထားပြီး။ အဲဒီတစ်အုပ်ကလည်း ဒီကားမတိုင်ခင် ဒီသရုပ်ဆောင်တွေနဲ့ပဲ ရုပ်ရှင်ရိုက်ကူးပြီးသားပါ။ ဒီနှစ်မှာတော့ နောက်ထပ်လေး အုပ်ထွက်ထားပြီး။ ဒီနှစ်ထွက်တဲ့ထဲက ပထမဆုံးအုပ်က ဒီကားဖြစ်လာတယ်ဆိုတော့ မြန်တယ်ပြောရမှာပဲ။ နောက်အုပ်တွေလည်း ဒီလူတွေနဲ့ပဲ ရိုက်ဦးမယ့်ပုံပါပဲ။ ဇာတ်ကတော့ မြို့လေးတစ်မြို့က မှုခင်းစိတ်ပညာပါမောက္ခအမျိုးသမီးတစ်ယောက်နဲ့ သူ့မောင် မြို့က ရဲမှူုးနဲ့ သူ့ရည်းစား မီးသတ်ဌာနခေါင်းဆောင်တို့ အတူတူ အမှုလိုက်တဲ့အကြောင်းပါပဲ။ မြို့လေးမှာပဲဖြစ် မြို့လေးက ဆရာကြီးတွေချည်းလိုက်ပေါ့။ Plot Twistတွေတော့ ကောင်းတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ မမျှော်လင့်ပါနဲ့။ လုပ်ချင်တာလုပ်ချပြီး Twistလုပ်သွားတာမျိုးတော့ ဆန်တယ်။ ဒါပေမဲ့ စိတ်ဝင်စားဖို့လည်းကောင်း ကြည့်လို့လည်းပျော်တယ်။ မင်းသားကတော့ ငယ်ငယ်က X MENထဲက ရေခဲလူသားAaron Ashmore။ Fuller Houseထဲက Candace Cameron Bure။ Cruel Intentions 2ထဲက မင်းသား Robin Dunneလည်းပါတယ်။ အကောင်းဆုံး ကာရိုက်တာကတော့ မင်းသမီးမွေးထားတဲ့ စုတ်ဖွားခွေးလေးဖြစ်နေပေမဲ့လို့ ပေါ့ပေါ့ပါးပါး အပန်းဖြေဖို့ ကြည့်ချင်ရင် စုံထောက်ကားလည်းကြိုက်ရင် ကြည့်ကောင်းမယ့် ဇာတ်လမ်းပါပဲ။ နည်းနည်းလည်းရယ်ရတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery,TV Movie Duration….01:28:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W