
Cryo (2022) ========= Cryo chamber ဆိုတာ လူကိုအေးခဲအောင်လုပ်ပြီး၊ မပုပ်မသိုးအောင် ထိန်းသိမ်းပြီး ကာလရှည်ကြာအိပ်စက်စေနိုင်တဲ့ အခန်းတွေပါ။ အဲ့အခန်းတွေ ထဲကနေ အင်ဂျင်နီယာ၊ ဇီဝဓာတုပညာရှင်၊ စစ်သား၊ စိတ်ပညာရှင်နဲ့ ဆရာဝန်တို့ နိုးထလာပြီး သူတို့ ဘယ်ရောက်နေလဲ၊ ဘယ်သူတွေလဲဆိုတာကိုတောင် မမှတ်မိကြဘဲ မှတ်ဉာဏ်တွေအကုန်နီးပါးပျောက်နေကြတာပေါ့။ နောက်ပြီး သူတို့ရောက်နေတဲ့ နေရာကလည်း အုတ်နံရံပတ်လည်ဝိုင်းနေတဲ့ မြေအောက်ခန်း ဖြစ်နေတယ်။ အပြင်ထွက်ဖို့လုပ်တော့လည်း လေထဲမှာ အဆိပ်တွေရှိတယ် ဆိုတော့ ဒီ cryo အခန်းတွေကို တီထွင်သူရဲ့အလာကိုမျှော်နေကြရင်း အချင်းချင်း တဖြည်းဖြည်းရင်းနှီးသွားကြတယ်။ အဲဒီနောက် survival mystery ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ရှင်သန်ဖို့အတွက် ရုန်းကန်ရတဲ့အပြင် cryo chambers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် မှတ်ဉာဏ်တွေပျက်စီးပြီး ထင်ယောင်ထင်မှားတွေမြင်ရကြားနေရတယ်။ ဒီလိုအဖြစ်ကနေ ရုန်းထွက်ဖို့ အဓိကသော့ချက်က မှတ်ဉာဏ်တွေပြန်ရမှ ဖြစ်မယ်ဆိုတာ သိသွားကြတဲ့အခါမှာ သူတို့ မှတ်ဉာဏ်တွေပြန်ရအောင် ဘယ်လိုလုပ်မလဲ။ ဘာလို့ cryo chamber တွေထဲမှာ အိပ်ခဲ့ကြတာလဲ ဆိုတဲ့အကြောင်းကို ဇာတ်ရှိန်မအေးတအေးလေးနဲ့ ကြည့်ရမှာဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)