
ဒီဇာတ်ကားကတော့ ဒါရိုက်တာ Joe Leone ရိုက်ကူးထားပြီး Luke Ryan, Saoirse Tiernan, Colson Branum စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းစတင်တာကတော့ ဆယ်ကျော်သက်လူငယ်တစ်စုတို့ တောအုပ်ထဲကို ရတနာရှာပုံတော်ထွက်တဲ့ခရီးတစ်ခုကြောင့်ပါပဲ။ ရစ်ကီဆိုတဲ့လူငယ်လေးက ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေရတာကို စိတ်ဝင်စားလွန်းတဲ့သူပါ။ တစ်နေ့မှာတော့ လိုင်းပေါ်ကဂရုချက်တစ်ခုကနေ တော်လှန်ရေးစစ်ပွဲခေတ်က ဒင်္ဂါးပြားတွေမြှုပ်ထားတဲ့နေရာအကြောင်း သတင်းရတဲ့အခါ သွားရောက်ရှာဖွေလိုစိတ်တွေပေါ်ပေါက်လာပါတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းအုပ်စုကိုခေါ်ပြီး ရတနာရှာဖို့တောအုပ်ဆီကို သွားကြဖို့ ဖြစ်လာခဲ့ပါတယ်။ မွေးရာပါဝေဒနာကိုခံစားနေရပြီး ဝှီးချဲနဲ့နေရတဲ့ ရစ်ကီရဲ့အမဖြစ်သူက မသွားဖို့တားခဲ့ပေမယ့်လည်း ဆယ်ကျော်သက်အုပ်စုကတော့ အိပ်မက်အသီးသီးကို အကောင် အထည်ဖော်ဖို့ ရတနာရှိတဲ့တောအုပ်ထဲကို ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် တောထဲရောက်တော့မှ မြေပုံကအမှန်မဟုတ်တာ သိလိုက်ရတဲ့အပြင် လမ်းပါပျောက်သွားတဲ့အခါ ပြဿနာတွေ စတက်ပါတော့တယ်။ တောထဲကဆယ်ကျော်သက်အုပ်စုက လူသားစားတဲ့ဆိုက်ကို ကောင်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ဘယ်လိုတွေရုန်းကန်ရမလဲ… တောထဲကရော လွတ်မြောက်သွားနိုင်မလား… ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်း အဖြေရှာရမှာပါ။ Plot twist အကြီးစားလည်းပါလို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်။ File size… (1.25GB) / (632MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 16m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.25GB | Download | |
| 1080p | 1.25GB | Download | |
| 1080p | 1.25GB | Download | |
| 1080p | 1.25GB | Download | |
| 720p | 632MB | Download | |
| 720p | 632MB | Download | |
| 720p | 632MB | Download | |
| 720p | 632MB | Download | |
| 720p | 632MB | Download |
ထုတ်လွှင့်သည့်နေ့
December 30, 2024
ကြာချိန်
1h 15m
အဆင့်သတ်မှတ်ချက်
5.0 / 10
Director
Joe Leone