
IMDb-8.6/10 လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ် အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ် တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီ ချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Sai ThuRein
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |