
[Unrated Version BluRay ကိုပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။] Datshin Review : Central Intelligence (2016) Action , Comedy , Crime . Storyline . တစ်ချိန်တုန်းက ကျောင်းမှာ Bully လုပ်ခံခဲ့ရတဲ့ Bob တစ်ယောက် ထိုအချိန်ထဲကပျောက်သွားပြီး နောက်နှစ်ပေါင်းများစွာကြာမှ ကျောင်းသားဟောင်းတွေတွေ့စုံပွဲကို CIA Agent အဖြစ်ပြန်လည်ရောက်ရှိလာပြီး ကျောင်းတုန်းကခင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ Calvin ကိုသူ့ရဲ့ Top Secret Case ထဲကိုအတင်းဆွဲသွင်းပြီး ထိုပြဿနာတွေကိုဖြေရှင်းကြတဲ့အကြောင်းဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတာပါ။ . Review . Central Intelligence….. ဒီဇာတ်ကားကို Trailer တွေစပြကတည်းကကြည့်ချင်ခဲ့တာ။ အကြောင်းအမျိုးမျိုးကြောင့် ရုံမှာသွားမကြည့်ခဲ့ရပေမဲ့ အခုအခွေတွေထွက်လာတော့ကြည့်တဲ့အခါမှာ တော်တော်ရီရတဲ့ဇာတ်ကားတစ်ကားဆိုတာတွေ့ပါတယ်။ ဒီဇာတ်ကားက Comedy ကြီးသက်သက်ကို ဒီတိုင်းပြရင်တောင် ဒီလောက်ရီရမှာမဟုတ်ပဲ အခုလို CIA Agent တစ်ယောက်ကသူငယ်ငယ်တုန်းကခင်ခဲ့တဲ့ ငယ်သူငယ်ချင်းကို သူ့Case ထဲအတင်းဆွဲသွင်းပြီး ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေပါလုပ်တာကြောင့် ကြည့်ရှုတဲ့လူကိုတော်တော် Entertain ဖြစ်စေတာအမှန်ပါပဲ။ ဒါပေမဲ့လဲ Central Intelligence မှာဇာတ်လမ်းကတော့ ဘာမှသိပ်မရှိပါဘူး။ Central Intelligence ဟာ သူ့ရဲ့ဇာတ်လမ်းအတိုလေးကိုဆွဲဆန့်ထားပြီး ဟာသတွေနဲ တွဲရိုက်ထားတဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ Dwayne Johnson နဲ့ Kevin Hart တို့နှစ်ယောက်ကြားက Chemistry ကလဲတော်တော်လိုက်ဖက်ညီပါတယ်။ ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ Chemistry က Simon Pegg နဲ့ Nick Frost တို့နှစ်ယောက်ရဲ့ Chemistry ကိုတော့မမှီဘူးလို့ထင်တယ်။ နှစ်ယောက်စလုံးရဲ့ Acting ကတော့ဘာမှသိပ်ပြောစရာမလိုပါဘူး။ . ဒီဇာတ်ကားမှာတကယ့် Star ကတော့ Dwayne Johnson ပါပဲ။သူ့ရဲ့ ဗလကြီးကြီး Body ကြီးနဲ့ Unicorn ပုံပါတဲ့ အင်္ကျီတွေဝတ် ၊ ဖိနပ်အဝါကြီးစီးပြီး ရုပ်တည်ကြီးနဲ့ဟာသတွေလုပ်နေတာကတော့ တော်တော်ရီရပါတယ်။ Dwayne Johnson အနေနဲ့ 2016 ရဲ့ဝင်ငွေအများဆုံးမင်းသားစာရင်းထဲမှာပါခဲ့တာလဲသိပ်တော့မဆန်းဘူးလို့တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ Acting ကအရင်ထက်စာရင်တော်တော်ကိုကောင်းမွန်နေပြီး ဇာတ်ရုပ်တွေနဲ့လိုက်ဖက်အောင်သရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားရဲ့ အားနည်းချက်တွေထဲကတစ်ခုကတော့ တစ်ချို့အခန်းတွေကတော့ ဇာတ်လမ်းပိုင်းမှာယုတ်တိသိပ်မရှိတာတွေပါနေပြီး တစ်ချို့အခန်းတွေကတော့ မလိုအပ်တဲ့ နဲနဲခပ်ပေါပေါဟာသလုပ်ကွက်တွေပါနေတာတွေရှိပါတယ်။ . အချုပ်ပြောရရင်တော့ Central Intelligence ဟာကြည့်ရှုသူကိုပေါ့ပေါ့ပါးပါးနဲ့ရီစရာတွေပေးပြီး Entertain ဖြစ်စေမဲ့ဇာတ်ကားတစ်ကားထက်တော့မပိုပါဘူး။ ကြည့်နေတုန်းရီစရာတွေ ပျော်စရာတွေပေးတဲ့အတွက်ကြောင့် အလုပ်တွေပင်ပန်းလို့ ပေါ့ပေါ့ပါးပါးနဲ့ရီစရာကောင်းတဲ့ဇာတ်ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ Central Intelligence ကအချိန်ပေးရကျိုးနပ်မဲ့ဟာသကားတစ်ကားပါပဲ။ . Movie Information Director : Rawson Marshall Thurber Top Billed Cast : Dwayne Johnson , Kevin Hart , Amy Ryan , Aaron Paul Production : New Line Cinema , RatPac-Dune Entertainment Distribution : Warner Bros. Pictures Budget : $50 Million Box office : $217 Million . Rating Datshin : 3.5/5 IMDB : 6.3/10 RT : 70% . ~ TiiT ~ (ရုပ်ရှင်အညွှန်းကို Datshin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(1.1 GB) and (460 MB) Quality…BluRay 720p Format…mkv Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo