
21 Jump Street (2012) IMDb Rating (7.2) / Rotten Tomatoes (85%) ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့် နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။ စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်… ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။ အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။ Brie Larson , Dave Franco , Ice Cube , Dakota Johnson တို့လို နာမည်ကြီးသရုပ်ဆောင်တွေလဲကူညီအားဖြည့်ထားတာမလို့ တကယ့်ကိုကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။ 21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။ Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Marco မှတင်ဆက်ထားပါတယ်။)