
Twilight Gangsters (2010) **************************** ဒီဇာတ်ကားလေးကတော့ လောကဓံကို ရင်ဆိုင်အန်တုပြီး ဆိုးအတူကောင်းအတူ အမြဲအတူတူ ရှိလာတဲ့ သူငယ်ချင်း ၃ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပြီး တကယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ နာမွန်းဟီး၊ ဂင်ဆူမီ၊ ဂင်ဟယ်အို့တို့က အဓိကဇာတ်လိုက်တွေအဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း- ဂျောင်ဂျာ၊ ယောင်းဟီးနဲ့ ရှင်းဂျာဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ ဟာဝိုင်အီကို အထူးပက်ကေ့ချ်နဲ့ ခရီးသွားဖို့အတွက် ပိုက်ဆံတွေကို ခက်ခက်ခဲခဲ နဲ့ စုလာခဲ့ကြတာ ၈နှစ်ကြာတဲ့နောက်မှာတော့ သူတို့ လိုချင်တဲ့ပမာဏ ပြည့်သွားကြပါတယ်။ အဲဒါနဲ့ ခရီးစဥ်ပက်ကေ့ချ်အတွက် ငွေသွင်းဖို့ ဘဏ်သွားရာမှ ကံမကောင်းစွာနဲ့ ဘဏ်ဓားပြတိုက်ခံရပြီး သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ပါသွားပါတော့တယ်။ ဘဏ်ကလည်း ဓားပြတိုက်ခံရတဲ့ ငွေတွေကို တာဝန်မယူဘဲ ခေါင်းရှောင်တဲ့အခါမှာတော့ အာဂအဘွားကြီး ၃ယောက်ဟာ ဘဏ်ကို ပြန်ဓားပြတိုက်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ ငွေတွေကို ရအောင် ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ…။ ဘဝဇာတ်ခုံပေါ်မှာ တွေ့ကြုံရတဲ့ လောကဓံတရားတွေကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့အပြင် အချိန်တွေ အကြာကြီး အတူတူရှိလာကြတဲ့ သူငယ်ချင်းအဘွားကြီး ၃ယောက်ရဲ့ သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Htoo Htoo Aung မှ ရေးသားပေးထားပါတယ်။) File size…2.95GB / 1.17GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Comedy, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Htoo Htoo Aung
| Provider | Resolution | File Size | |
|---|---|---|---|
| WEB-DL 1080p | 2.95GB | Download | |
| WEB-DL 1080p | 2.95GB | Download | |
| WEB-DL 1080p | 2.95GB | Download | |
| WEB-DL 1080p | 2.95GB | Download | |
| WEB-DL 720p | 1.17GB | Download | |
| WEB-DL 720p | 1.17GB | Download | |
| WEB-DL 720p | 1.17GB | Download | |
| WEB-DL 720p | 1.17GB | Download | |
| WEB-DL 720p | 1.17GB | Download | |
| WEB-DL 720p | 1.17GB | Download |