Preparing your cinema experience...

ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်းကို ဇာတ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ ပရက်စကော့တို့အဖွဲ့က ပင်လယ်ထဲမှာ အစာရေဆာပြတ်လတ်ပြီး ဖောင်တစ်ခုနဲ့ ပင်လယ်ထဲမှာမြောလာ တာနဲ့ စထားပါတယ်၊ ဒီလိုနဲ့ နာဇီသင်္ဘောတစ်စီးကိုတွေ့ပြီး အသတ်ခံရတာက ငတ်သေတာထက်တော့သာပါသေးတယ် လို့ခံယူပြီး အဲဒီသင်္ဘောပေါ်ကို တက်သွားကြပါတော့တယ်။ သင်္ဘောပေါ်မှာ လူတစ်ယောက်မှမတွေ့တော့ ထူးဆန်းတယ်ဆိုပြီး သင်္ဘောအနှံ့လိုက်ကြည့်ကြတဲ့အချိန်မှာ မိုင်ယာလို့ခေါ်တဲ့ကလေးမ လေးနဲ့တွေ့ခဲ့ကြပါတယ်။ ဘယ်သူမှမရှိတဲ့ သင်္ဘောပေါ်မှာ ကလေးမလေးတစ်ယောက်တည်း ဘာလို့ရှိနေရတာလဲ၊ သင်္ဘောပေါ်မှာ ဘာတွေဖြစ်သွားခဲ့တာလဲ၊ ပရက်စကော့တို့ကရော ဘာတွေကြုံရမလဲဆိုတာကိုတော့ 2019 ခုနှစ်ထွက်ရှိထားပြီး IMDb rating 5.4 ရရှိထားတဲ့ Blood Vessel ကားလေးမှာ ဆက်ပြီးကြည့်ရှုကြည့်ကြရအောင်နော်...