
~ IMDb - 6.2/10, Rotten Tomatoes - 71% ~ 2020 နှစ်က ထွက်ရှိထားတဲ့ အမေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း ကားမတော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်... ဆရာဝန်တွေအားလုံးက လက်လျော့လိုက်ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်ယောက် မှတ်ဥာဏ်တွေလိုက်ရှာဖွေနေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ တွေ့သွားတဲ့အခါ... - ဘယ်လိုတွေ မှတ်ဥာဏ်ရအောင်ရှာဖွေခဲ့လဲ - သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်ကတော့ ထူးခြားမှုတစ်ခုပဲလား - ဒေါက်တာဘရု နိုလန်ကို သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား - ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာတွေကရော ဘာတွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ။ သရဲတွေဘာတွေမပါပေမဲ့လည်း ကြည့်နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 40Min Genre - Horror, Mystery, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y