
Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါတော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download |