
နံပါတ် ၁ ကတော့ ၂၀၀၇ တုန်းက ထွက်ရှိထားပြီး အဲ့ဒီဇာတ်ကားမှာတော့ မင်းသားကြီးအက်ရှေးကူမားက ပါဝင်သရုပ်ဆောင်ထားပါတယ်.... နံပါတ် ၁တုန်းကလည်း အောင်မြင်ခဲ့ပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ထိတ်လန့်စရာကောင်းခဲ့သလို ဟာသလေးတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်.... အခု နံပါတ်၂ မှာလည်း မင်းသားကာသစ်ဟာ အက်ရှေးကူမားရဲ့ နံပါတ် ၁ ကို အမှီလိုက်ဖို့ ကြိုးကြိုးစားစားသရုပ်ဆောင်ထားလို့ ကြည့်လို့ကောင်းခဲ့ပါတယ်.. ..မင်းသမီးကလည်း ကီယာရာလေးဆိုတော့ ပုရိသတွေ အသည်းစွဲပါပဲ.. .ဒီဇာတ်ကားမှာ မင်းသမီးကြီး တဘူးက အမြွှာညီအစ်မ နှစ်ကိုယ်ခွဲနေရာကနေ သရုပ်ဆောင်ထားပါတယ်.. .သူမကလည်း မခေသူမို့ ဇာတ်လမ်းဇာတ်ကွက်တွေကို ပိုအရှိန်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်... အောက်လမ်းမှော်ပညာတွေသင်ယူတတ်မြောက်ပြီး ထာကူရ်(မြေပိုင်ရှင်/တော်ဝင်)မျိုးရိုးထဲက ချွေးမဖြစ်သူဟာ သူ့ရဲ့အတ္တစိတ်နဲ့ မကျွတ်မလွတ်နိုင်ဘဲ စံအိမ်ကြီးထဲမှာ ချိတ်ပိတ်ထားခံရတယ်.. ဒါကို မင်းသားနဲ့ မင်းသမီးဟာ မထင်မှတ်ဘဲ သူ့ကို လွှတ်ပေးလိုက်မိပါတယ်.... ၁၈နှစ်ကြာလောင်ကျွမ်းနေတဲ့ လက်စားချေလိုစိတ် ဒေါသမီးတွေနဲ့ ဒီမကောင်းဆိုးဝါးမကြီး လွတ်မြောက်လာတဲ့အခါမှာတော့ ဒီတ်မိသားစုလုံးကို ဘယ်လိုလက်စားချေလာတော့မလဲ....။ ဒီဇာတ်ကားမှာလည်း မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ မြှုပ်ကွက်လေးတွေပါနေလို့ ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်အပြင် ဟာသလေးတွေပါလို့ ဖန်သားပြင်ထက် မှာ အချိန်ပေးရကျိုးနပ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Taylor ပဲဖြစ်ပါတယ်.. File Size : (2.6GB) (1.2GB) and (425 MB) Quality : WEB-DL 1080P5.1CH,720p Format…mp4 Duration…02:23:00 Genre : Comedy , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Taylor Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.6GB | Download | |
| 720p | 1.2GB | Download | |
| 1080p | 2.6GB | Download | |
| 720p | 1.2GB | Download |