
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာ မဆန်းတော့ပါဘူး.. ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကို ကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့ အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက် သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး... ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့ သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လို စစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင် ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက် အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေ သူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်... အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့် ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကို အသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ... စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး... ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေ ဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့် စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File size…2.86GB / 1.13GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1hr 56min Genre ..... Action , Sci-Fi , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
March 8, 2011
ကြာချိန်
1h 56m
အဆင့်သတ်မှတ်ချက်
5.7 / 10
Director
Jonathan Liebesman