
Part (2) မှာတော့ တော်တော်ကို Tempoမြင့်လာပါတယ် Batman လို့ ပြောလိုက်တာနဲ့ ခင်ဗျားတို့ တွဲမြင်တာ ဘယ်လိုလဲ လို့မေးရင်? ?? ဟုတ်ပါတယ် အချစ်တော် Villain ကြီး Joker ပါပဲ ဒီလို ဆယ်စုနှစ်တစ်ခုလောက် Batman ပျောက်ကွယ်နေတော့ joker ကရော ဘယ်ကိုရောက်နေလဲ? ဘယ်ကိုမှ မရောက်ပါဘူး.... Arkham Asylum မှာ အသေကောင်နဲ့ မခြား မလှုပ်မရှားတော့ ပဲ အသက်ရှင်နေတယ် ဆိုရုံပဲရှိနေတာပါ ဒါပေမယ့် Gotham မြို့မှာ Bat ပြန်လည်လှုပ်ရှား လာတဲ့ အသံနဲ့ အတူ J လည်း ပြန်လည် အသက်ဝင်လာခဲ့ပါတော့တယ်။ ဒီမှာတစ်ခုလေး ပြောချင်တာက Batman ဇာတ်ကောင်ရဲ့ အားသာမှုတစ်ခုကို ကျွန်တော့်အမြင်အရပြောရရင် Villain တွေပါပဲ တစ်ချို့ Bat villain တွေဟာ ရည်ရွယ်ချက်ကြီးကြတယ် တစ်ချို့ Villain တွေဟာ သနားစရာကောင်းတယ် တစ်ချို့က ကျတော့ ရွံစရာသပ်သပ်ပဲ ဒါပေမယ့်အားလုံးမှာ ခိုင်မာတဲ့ Story line တစ်ခုစီရှိပြီး Hero ကို Support လုပ်ရတဲ့ Villainသပ်သပ်အဆင့်မဟုတ်ကြတာပါပဲ Joker ဆိုရင်လည်း ဒီ DKR ထဲမှာ သူ့ရဲ့ ဖြစ်တည်မှုဟာ Bat နဲ့ပဲလုံးလုံးသက်ဆိုင်တယ်ဆိုတဲ့ Chemistry ကို ပုံဖော်ထားတာဟာ တော်တော်လေးသဘောကျစရာပါပဲ.. Part (2) ဟာတော့ DKR နှစ်ပိုင်းစလုံးရဲ့ အသက်ပါပဲ အစိုးရဘက်က Batman ကို အရင်ကလို vigilante ဆိုတဲ့အမြင်မရှိတော့ပဲ ရာဇဝတ်ကောင်တစ်ကောင်အဖြစ် သက်မှတ်ထားတာဖြစ်တဲ့အတွက် အစိုးရဘက်တော်သားဖြစ်နေတဲ့ Superman နဲ့ Batmanတို့ရင်ဆိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်.. Zack Snyderရဲ့ Batman VS Superman ဟာ Dark Knight Returns ရဲ့ကျောရိုးကို အများဆုံးအသုံးပြုထားတာ ဖြစ်ပြီး Ben Affleck ရဲ့ Batmanဟာလည်း DKR ရဲ့ Batman နဲ့ အနီးစပ်ဆုံး တူအောင်ရွေးချယ်ထားတဲ့ Batman Character ဖြစ်ပါတယ်။ Review သပ်သပ်ရေးတာမဟုတ်ပဲ ဇာတ်ကားအတွက်အညွှန်းရေးပေးတာဖြစ်လို့ တစ်ချို့မဆိုင်တာလေးတွေနဲ့ မလိုအပ်တာလေးတွေကို ပယ်ပြီး ဇာတ်ကားကိုလည်း Spoil မဖြစ်အောင်ဒီလောက်ပဲညွှန်းပေးချင်ပါတယ်။ ကြည့်ပြီးသားလူတွေကလည်း ပြန်ကြည့်လည်းမရိုးသွားတော့ ထပ်ပြီးပြန်ကြည့်လို့ရအောင် မကြည့်ရသေးသူတွေအတွက်လည်းAnimated ကားကောင်းတစ်ကားကို မကြည့်ဖူးတယ် မဖြစ်ရလေအောင် CM မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (အညွန်းကိုတော့ CM မှ Translator တစ်ဦး ဖြစ်တဲ့ ကို Han Htoo Zaw မှ တင်ဆက် ပေးထားတာဖြစ်ပါတယ်) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BRrip.x264.YIFY Encoded by A_Z
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 800 MB | Download |
ထုတ်လွှင့်သည့်နေ့
January 3, 2013
ကြာချိန်
1h 18m
အဆင့်သတ်မှတ်ချက်
7.9 / 10
Director
Jay Oliva