
စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ ဇာတ်လမ်းရဲ့ကြောရိုး.... အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့ Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ရဲ့လွှမ်းမိုးမှုကို လက်မခံဘဲ လူသားဆန်လွန်းမှန်းသိထားကြလို့ပါ။ဒီလိုအချိန်မှာ မင်းသမီးနဲ့ မင်းသားတို့အဖွဲ့ The System ကနေဖောက်ထွက်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကို တင်ဆက်ထားတာပါ။ အခု Allegiant ဇာတ်ကားမှာလဲ ထို့အတူပါပဲ။ Insurgent ဇာတ်ကားရဲ့အဆုံးကနေပြန်ဆက်ထားပါတယ်။Science Fiction ဇာတ်ကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မှာဖြစ်သလို ဝတ္ထုရဲ့ ဆိုလိုရင်းဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အတွေးအခေါ်တွေ လွတ်လပ်မှုတွေကို ခံစားရမှာပါ။ File size…(999MB) Quality…BR-Rip 720p Format…mp4 Duration….02:00:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
March 9, 2016
ကြာချိန်
2h
အဆင့်သတ်မှတ်ချက်
6.1 / 10
Director
Robert Schwentke