
1986 ခုနှစ်က Frank Miller ရဲ့ Dark Knight Returns Comic ကို 2012 ခုနှစ်မှာ Dark Knight Returns Part 1 နဲ့ Part 2ရယ်လို့ နှစ်ပိုင်းခွဲပြီး Animated ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ Dark Knight Return comic ဟာ ကမ္ဘာ့အဆင့်သတ်မှတ်တဲ့ top 10 comic booksတွေ စာရင်းမှာ ထိပ်ဆုံးပိုင်းတစ်နေရာမှာ အမြဲပါနေတတ်တာကသူ့ရဲ့ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ သေသပ်ဆွဲဆောင်မှု ရှိတဲ့ story line ကြောင့်ဖြစ်ပါတယ် ဒီလို Comic ကို ပြန်ပြီး ပုံဖော်ထားတဲ့ Animated ကလည်း Rotten Tomatoesရဲ့ rating မှာ အင်မတန်ရှားပါးလှတဲ့ 100% rating အပြည့်ရရှိထားခဲ့တာကြောင့် ဒီ Animatedကောင်းလားမကောင်းလားဆိုတာ သိပ်ပြီး အငြင်းပွားနေစရာ မလိုလောက်အောင်ပါပဲ ဇာတ်လမ်းအညွှန်းဘက် နည်းနည်းသွားရရင် Gotham မှာ Batman ရယ်လို့ ပျောက်ကွယ်သွားခဲ့တာ ဆယ်စုနှစ်တစ်ခုရှိတဲ့ကာလတစ်ခုကနေဇာတ်အိမ်တည်ထားပါတယ် Bruce Wayne ကိုလည်း တွေ့လေ့တွေ့ထရှိတဲ့ အသက်အရွယ်မဟုတ်ပဲ ဇရာထောင်းလို့ စိတ်ထောင်းကိုယ်ကြေ ဆုံးရှုံးမှုတွေ အများကြီးနဲ့ Batman ဘဝက အနားယူထားတဲ့ အဘိုးကြီးတစ်ယောက်အနေနဲ့ ပုံဖော်ထားတာက မြင်နေကျ Batman နဲ့ ခွဲထွက်ထားတဲ့ကွဲပြားမှုတစ်ခုအဖြစ် မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း အတိတ်က Batman ရဲ့အရိပ်က Bruce တစ်ယောက်ကို အမြဲတစ်စေ ခြောက်လှန့်နေပြီး... Gotham မြို့ကိုကြီးစိုးချယ်လှယ်နေတဲ့ Mutants ဂိုဏ်းကြီး ဟာတစ်နေ့တစ်ခြား ဆိုးဝါးလာတဲ့ အခါမှာတော့ Bat vigilante ဘဝကို မလွှဲမရှောင်သာ ပြန်လည် လှုပ်ရှား လာရပါတော့တယ်။ Part ( 1 ) ဟာ Batman နဲ့ Mutants ဂိုဏ်းအကြား အားပြိုင် တိုက်ခိုက်မှုတွေကို စိတ်ဝင်စားစရာ တင်ဆက်ထားတာဖြစ်ပါတယ် Zack Snyderရဲ့ Batman VS Superman ဟာ Dark Knight Returns ရဲ့ကျောရိုးကို အများဆုံးအသုံးပြုထားတာ ဖြစ်ပြီး Ben Affleck ရဲ့ Batmanဟာလည်း DKR ရဲ့ Batman နဲ့ အနီးစပ်ဆုံး တူအောင်ရွေးချယ်ထားတဲ့ Batman Character ဖြစ်ပါတယ်။ Review သပ်သပ်ရေးတာမဟုတ်ပဲ ဇာတ်ကားအတွက်အညွှန်းရေးပေးတာဖြစ်လို့ တစ်ချို့မဆိုင်တာလေးတွေနဲ့ မလိုအပ်တာလေးတွေကို ပယ်ပြီး ဇာတ်ကားကိုလည်း Spoil မဖြစ်အောင် ဒီလောက်ပဲညွှန်းပေးချင်ပါတယ်။ ကြည့်ပြီးသားလူတွေကလည်း ပြန်ကြည့်လည်းမရိုးသွားတော့ ထပ်ပြီးပြန်ကြည့်လို့ရအောင် မကြည့်ရသေးသူတွေအတွက်လည်း Animated ကားကောင်းတစ်ကားကို မကြည့်ဖူးတယ် မဖြစ်ရလေအောင် CM မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (အညွန်းကိုတော့ CM မှ Translator တစ်ဦး ဖြစ်တဲ့ ကို Han Htoo Zaw မှ တင်ဆက် ပေးထားတာဖြစ်ပါတယ်) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BRrip.x264.YIFY Encoded by A_Z
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 800 MB | Download |
ထုတ်လွှင့်သည့်နေ့
August 21, 2012
ကြာချိန်
1h 16m
အဆင့်သတ်မှတ်ချက်
7.7 / 10
Director
Jay Oliva