
Imdb Rating 7/10 , Rotten Tomatoes 80% ရရှိထားတဲ့ အသစ်စက်စက်Drama Mysteryကားကောင်းလေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးနာမည်ကတော့ Alpha (2018) ပဲဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို့ လုံးဝအကြိုက်တွေ့စေမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို့ သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ။ ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းခန့်ကအချိန်ပါ။ တစ်နေ့မှာ သူတို့မျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို့ ကေဒါရဲ့အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။ အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်။ ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ။ စိတ်ထားနူးညံ့သူကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ? ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ? သူရဲ့နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်နူးညံနိုင်ပါ့မလားဆိုတာ ရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ဘဝခွန်အားတွေပါ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးဆိုလဲ မမှားပါဘူး။ ဒီလိုကားကောင်းလေးကိုCMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Alpha (2018)ပါ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (898 MB) Quality : BluRay 720p Running Time : 1hr 36min Format : Mp4 Genre : Adventure , Drama , Family Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Aye Mon Kyaw Encoded by Moe Myint Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |