
2024 ခုနှစ်အတွင်းထွက်ရှိခဲ့ာတဲ့ “Agent Recon” ရုပ်ရှင်ကတော့ အက်ရှင်သိပ္ပံဇာတ်ကားကောင်းတခု ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကမ္ဘာမြေလုံခြုံရေးတာဝန် တပ်ဖွဲ့ရဲ့ လျှို့ဝှက်တပ်မှူးကြီး Alastair ဟာ စူပါပါဝါရှိတဲ့ လူသစ် Jim ကို သူ့တပ်ဖွဲ့ထဲဝင်ရောက်စေခဲ့ပြီး တိုက်ပွဲ အတွေ့အကြုံရင့် ဗိုလ်ချုပ် Green နဲ့ကျွမ်းကျင်မရိန်း တပ်သားတွေ ဦးဆောင်တဲ့ မစ်ရှင်တခုမှာ ပါဝင်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ နယူးမက္ကဆီကိုက ဂြိုလ်သားနည်းပညာကို စမ်းသပ်နေတဲ့ လျှို့ဝှက်အခြေ စိုက်စခန်းတခုမှာ ထူးခြားလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်နှောင့်ယှက်မှုကို ခြေရာခံဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမစ်ရှင်အတွင်းမှာ သာမန်ထက်သာလွန်တဲ့ ခွန်အား၊ အမြန်နှုန်းနဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အသိဉာဏ်ကင်းမဲ့တဲ့ စစ်သားတွေကိုထိန်းချုပ်နေတဲ့ အမည်မသိသတ္တဝါကြီးကို ရင်ဆိုင်ရပါတော့တယ်။ ဒီဂြိုဟ်သားခံတပ်နောက်ကွယ်က အမှန်တရားကို Jim တယောက်ရှာဖွေတဲ့အခါ ဘယ်လိုအရာတွေကို တွေ့ရှိလာမှာလဲ၊ လူသားမျိုးနွယ်ပျက်သုဉ်းမှုကနေ ကာကွယ်နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖိုစောင်ကြည့်ခံစားရမှာဖြစ်ပါတယ်။ File size…1.78GB / 752MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint