
Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download |