
ဒီတခါမှာတော့ အရမ်းကောင်းတဲ့ Netflix ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲကမှ CM ဖန်တွေ အတွက် အကြိုက်တွေ့စေမဲ့ A Man of Action ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ်.. စာဖတ်သူဟာအမိန့်ပေးခံရတာ အမိန့်နာခံရတာတွေကိုမနှစ်မြို့သူလား? ဆင်းရဲတဲ့ ဘဝကို မုန်းတီးသူလား? အပြောနဲ့ပဲမဟုတ် ကိုယ့်ယုံကြည်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရမှကျေနပ်မဲ့သူမျိုးလား? ဒါဆိုရင်တော့ ဒီLucio Urtubiaရဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးကစာဖတ်သူတို့အကြိုက် ဖြစ်စေမှာပါ။ လူစီယိုဥတုဘျားဟာ လက်တွေ့သမားတယောက်ပါ။ ငယ်စဉ်တည်းကဆင်းရဲခဲ့တဲ့အတွေ့အကြုံကြောင့် သူ့အတွက်တော့ အရင်းရှင်စနစ်ဆိုတာဟာ မဟာရန်သူတော်ကြီးပါပဲ။ စစ်ပွဲကြီးတွေကနေ အမြတ်ထုတ်နေတဲ့ အပြောသာရှိပြီး အဖြစ်မရှိကြတဲ့နိုင်ငံရေးသမားတွေ ဒီလိုလူတွေနောက်ကွယ်မှာအရာရာကိုချုပ်ကိုင်နေတဲ့ဘဏ်ကြီးတွေဟာ ဥတုဘျားကိုမင်းမဲ့ဝါဒ anarchisim ရဲ့ စံပြစရာပုဂ္ဂိုလ်တဦးဖြစ်လာအောင် တွန်းပို့ခဲ့ပါတယ်။ ဥတုဘျားတယောက် မိမိခံယူချက်အတွက်ပြင်သစ်နိုင်ငံ ပါရီမှာဘယ်လိုတွေတိုက်ပွဲ၀င်သွားမလဲ? ဒီသာမန်မင်းမဲ့ဝါဒစပိန် လက်သမားလေးတယောက်က ကမ္ဘာ့အင်အားကြီးအရင်းရှင်စနစ်ပြယုဂ်ဖြစ်တဲ့ အမေရိကန်ဘဏ်တွေကိုတုန်လှုပ်သွားနိုင်အောင် ဘယ်လိုများယုံကြည်ချက် ပြင်းပြကာတိုက်ပွဲ၀င်ခဲ့သလဲဆိုတာတွေကို A Man of action ဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ရှုစားပေးပါဦး....... File size…1.60GB / 801MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.60GB | Download | |
| 720p | 801MB | Download | |
| 1080p | 1.60GB | Download | |
| 720p | 801MB | Download |