
ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။ ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ သူက Snow balls ဖန်လုံးလေးတွေကို ဒီဇိုင်းဖော်တဲ့ အနုပညာသည်လေးပါ။ ဟိုင်ဒီက ဟိုက်ဒယ်လ်ဘာ့ဂ်က စျေးကွက်ထဲကို ဝင်ခွင့်ရဖို့ နှစ်တိုင်း ကြိုးစားနေပေမယ့် အငြင်းခံနေရသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကံကောင်းစွာနဲ့ပဲ ဟိုင်ဒီတစ်ယောက် ဟိုက်ဒယ်လ်ဘာ့ဂ် စျေးထဲ ဝင်ခွင့်ရသွားပါတော့တယ်။ အနီးကပ်မှ ဝင်ခွင့်ရတော့ ပစ္စည်းပို့ဖို့ နေဖို့ထိုင်ဖို့ အကုန်လုံးကို ကမောက်ကမနဲ့ အဆင်ပြေသလို စီစဥ်ရပါတော့တယ်။ အကုန်လုံးကို စီစဉ်ပြီး အခက်ခဲတွေကြားကနေ ဟိုက်ဒယ်လ်ဘာ့ဂ်ကို ရောက်သွားတဲ့အခါမှာတော့ လူးကတ်စ်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာပါတော့တယ်။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့မှာ လူးကတ်စ်နဲ့အတူတူ ကြုံတွေလာရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြပုံတွေ၊ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ရဲ့ ခရစ္စမတ်ကာလ အလှတရားတွေ၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နွေးထွေးလှတဲ့ အချစ်ဓာတ်လေးကို ခံစားရစေမယ့် ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင် သင့်ရဲ့ဘေးနားမှာ ချောကလက်ပူပူလေးတစ်ခွက်နဲ့ လက်မှာ ကိုင်ထားစရာ ရည်းစားရဲ့လက်ကလေး၊ မှီစရာ ရည်းစားရဲ့ ရင်ခွင်လေး ရှိနေရင်တော့ ရုပ်ရှင်ကို အပြည့်ဝခံစားနိုင်မှာဖြစ်ပါတယ်။ ရည်းစား မရှိတဲ့လူတွေကတော့ ဖက်လုံးလေးပိုက်ရင်းနဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့က အလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာရယ်ကို အတူတူ အားကျလိုက်ရအောင်လို့ ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 940 Mb | Download | |
| 720p | 940 Mb | Download | |
| 720p | 940 Mb | Download | |
| 720p | 940 Mb | Download | |
| 720p | 940 Mb | Download |