
~ IMDb - 6.7/10, Rotten Tomatoes - 100% ~ Romance ပရိသတ်တွေအတွက်ဇာတ်ကားသစ်လေးတစ်ခုလာပါပြီ။ ဒေါင်းန်ဆိုတဲ့ Single Mom အမျိုးသမီးနဲ့ ခွေးချစ်သူ အေဒမ်တို့ကြားမှာပေါ်ပေါက်လာမယ့် အချစ်ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ Main Leads တွေအဖြစ် နာမည်ကျော် SUITS စီးရီးက Amanda Schull နဲ့ Carlo Marks တို့ပါဝင်ထားပါတယ် ဒေါင်းန်က ကွာရှင်းထားပေမဲ့ သားလေးတစ်ယောက်ရှိပြီး ဘဝကိုကြိုးကြိုးစားစားရှင်သန်နေသူတစ်ယောက်ပါ။ တက်ကြွ အကောင်းမြင်စိတ်ရှိပြီး အလုပ်မှာလည်းအလေးထားရတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒေါင်းန်မှာ လူမသိတဲ့ပြဿနာတွေ ရင်ဆိုင်နေရတယ်။ ခင်ပွန်းဟောင်းထားခဲ့တဲ့အကြွေးတွေကို ဒိုင်ခံဆပ်နေရတဲ့အခါ အလုပ်တစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အတွက် ဒုတိယအလုပ်ထပ်ရှာနေတုန်းမှာ အိမ်ကအပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာ အထက်တန်းကျောင်းအကြီးတန်းနှစ်မှာ ဒေါင်းန်လုပ်ခဲ့တဲ့ ပုတီးစေ့လက်ကောက်လေးတွေကိုပြန်သတိရသွားခဲ့တယ်။ လက်ကောက်လေးတွေက ဒေါင်းန်ကို ခက်ခဲတဲ့နေ့ရက်တွေမှာ သူ့ဘဝမှာလက်ခံရရှိဖူးတဲ့ကောင်းချီးတွေကို ပြန်အမှတ်ရပြီးကျေးဇူးတရားထားတတ်အောင်ကူညီပေးတာပါ။ အဲဒီ Blessing Bracelet လေးတွေက ဒေါင်းန်ဘဝထဲကို ဘယ်လိုကောင်းချီးတွေ ပြန်လည်ယူဆောင်လာပေးမလဲ၊ အေဒမ်က သူ့ဘဝထဲကိုဘယ်လိုရောက်လာမလဲဆိုတာကို ဇာတ်ဝင်တေးငြိမ့်ငြိမ့်လေးတွေနဲ့အတူခံစားကြရမှာပါ။ ကျွန်တော်ကတော့ Hope ဆိုတဲ့ဇာတ်ဝင်တေးလေးကို သဘောကျပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 780MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 24Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y