
၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။ အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ် အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီး ရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့ တစ်ဦးတစ်ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့် Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံး ရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီ တစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေ လူကြီးစိတ်၀င်လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီး သူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီး သူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personality disorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်း ဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ လူသတ်သမားက အသိစိတ်လွတ်နေတဲ့ ကြက်ပေါက် ဖြစ်နေမလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက် ရှိနေဦးမလား ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ စိတ္တဇဇာတ်ကားဖြစ်ပေမယ့် ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် horrorကြိုက်သူရော comdey ကြိုက်သူတွေပါ ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ File size…2.21GB / 1.03GB Quality…Blu-Ray 1080P 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.21GB | Download | |
| 720p | 1.03GB | Download | |
| 1080p | 2.21GB | Download | |
| 720p | 1.03GB | Download |