
Musical ဆိုတဲ့အတိုင်း သီချင်းသံ မြူးမြူးကြွကြွတွေနဲ့ ကြည့်ရမယ့်ကားပါဗျ။ ဆယ်ကျော်သက်ဖြစ်ကာစ လူငယ်ပေါက်စလေးတွေရဲ့ အလွဲတွေလည်း ပါသပေါ့ဗျာ ဇာတ်လမ်းအညွှန်းကတော့ ... အယ်ဗန်ဂိုးမန်းဆိုတဲ့ကောင်လေးက နယူးယောက်မြို့သားလေး ဂျူးလူမျိုးမလို့ တစ်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် Bar Mitzvah ပွဲအတွက် အမျှော်လင့်ကြီး မျှော်လင့်နေသူပေါ့။ ဒါပေမယ့်လည်း အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိသားစုကွာရှင်းလိုက်ရပြီး အင်ဒီယာနာက ပုံတုံးလှတဲ့ နယ်မြို့လေးကို ပြောင်းရွှေ့လိုက်ရတဲ့အခါ ... တောမြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာလည်း ဆယ်ကျော်သက်ပေါက်စတွေရဲ့ အတတ်ဆန်းချင်တဲ့ ကိစ္စဝိစ္စလေးတွေ ရှိနေပါသေးတယ်။ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံးဖြစ်ချင်တဲ့ မြို့သားလေး တောမြို့လေးမှာ ဘယ်လိုဂြိုဟ်မွှေခြင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ 13 နှစ်ကလေးတွေရဲ့ teenage ကားမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင် ရွေးသင့်တဲ့ကားလေးပါ။ Musical မို့ သီချင်းသံတွေတော့ တော်တော်မြိုင်ဆိုင်ပါလိမ့်မယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 1GB, 517MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 31mins Genre : Drama, Comedy, Family, Musical Translated by Chevy Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |