
Transatlantic (2023) =============== IMDb Rating - 6.5/10 ဒီစီးရီးရဲ့ အချိန်ကာလက ဒုတိယကမ္ဘာစစ် ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေ ပြင်သစ်ပြည်မြောက်ပိုင်းကို သိမ်းပိုက်အပြီး ပြင်သစ်နဲ့ ဂျာမနီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားတဲ့ ကာလပါ။ ပြင်သစ်ပြည်တောင်ပိုင်းကိုတော့ ဗင်ချီ(Vinchy) အစိုးရက တာဝန်ယူထားပြီး ပဲရစ်အပါအဝင် ပြင်သစ်ပြည် မြောက်ပိုင်းက ထွက်ပြေးလာကြတဲ့ စစ်ဘေး ဒုက္ခသည်အများအပြား မာဆေးမြို့မှာ သောင်တင်နေချိန်ပါ။ ဂျူးလူမျိုးတွေကို အမြစ်ပြတ် နှိမ်နင်းရေးဆိုတဲ့ ဟစ်တလာရဲ့ မဟာပေါ်လစီကြီးကြောင့် မာဆေးမြို့ရောက် ဂျူးတွေ ပြင်သစ် ပြည်ကနေ ထွက်ပြေးဖို့ ဆိုင်းပြင်နေကြချိန်ပါ။ အဲဒီကာလမှာ မာဆေးမြို့က ဂျူးတွေကို ကယ်ထုတ်ပေးခဲ့တဲ့ Emergency Rescue Committee ဆိုတဲ့ အမေရိကန် အဖွဲ့ တစ်ဖွဲ့ ရှိခဲ့ပါတယ်။ ဗေရီယန် ဖရိုင်း(Varian Fry) ဦးဆောင်တဲ့ အဲဒီအဖွဲ့ဟာ Hannah Arendt, Max Ernst, Marc Chagall တို့လို အကျော်အမော်တွေအပါအဝင် ဒုက္ခသည်ပေါင်း ၂,၀၀၀ ကျော်ကို စပိန်နယ်စပ်ကနေ ပေါ်တူဂီ၊ အဲဒီကနေ အမေရိကန် ပြည်ထောင်စုဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီစီးရီးက ဗေရီယန်ဖရိုင်းတို့အဖွဲ့ရဲ့ဂျူးကယ်ဆယ်ရေး စွန့်စား ခန်းတွေကို ရိုက်ပြထားတာပါ။ ဗေရီယန် ဖရိုင်းနဲ့အတူ အမေရိ ကန်လုပ်ငန်းရှင် သူဌေးကြီးရဲ့ တစ်ဦးတည်းသော သမီး မေရီဂျိန်း၊ ဂျူးလူမျိုး အဲလ်ဘတ်ဟာ့ချ်မန်းတို့ အတ္တလန်တိတ်တစ်ဖက်ကမ်း က ဂျူးတွေကိုဘယ်လို ကယ်ဆယ်ခဲ့ကြလဲဆိုတာကို စီးရီးထဲမှာ ကြည့်ရှုကြရမှာပါ။ ဖြစ်ရပ်မှန် စီးရီးဖြစ်ပြီး IMDb rating 6.5/10 နဲ့ Rotten Tomatoes 90% ရရှိထားတဲ့ စီးရီးကောင်းလေးပါ။ (ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size.............(350 MB) / (1.0 GB) Quality...............WEB-DL 720p / 1080p Duration............43Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Drama, History Translator..........Leonard Lin, Zaw Myo Thu, Roman Nox Encoder..............SWM
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 7, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director