
ဒီသမိုင်းနောက်ခံ အက်ရှင်ဇာတ်လမ်းတွဲကြီးဟာ အားလုံးသိထားပြီးသားဖြစ်တဲ့ ဂျိုဆွန်းဘုရင်၊အီဘန်းဝန်အကြောင်းကို ရှုထောင့်အသစ်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီဘန်းဝန်က ဂျိုဆွန်းတည်ထောင်သူ၊ စစ်သူကြီးအီဆောင်းဂယ်ရဲ့ ၅ယောက်မြောက်သားဖြစ်ပါတယ်။ သူ့မှာ ခမ်းနားကြီးကျယ်တဲ့အကြံဉာဏ်တွေရှိပြီး ဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းလည်းရှိပါတယ်။ အီဆောင်းဂယ်ကတော့ စိတ်နှလုံးသား နွေးထွေးတဲ့သူဖြစ်ပြီး လောကကြီးအကြောင်း ထွင်းဖောက်သိမြင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဂိုလျောခတ်ကုန်ဆုံးခါနီးအချိန်မှာ အီဘန်းဝန်တစ်ယောက် အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် လောကကြီးကိုပြောင်းလဲပစ်ဖို့ ရည်မှန်းချက်ရှိလာခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ဖခင်ကိုကူညီ၊ ဂိုလျောခေတ်ဟောင်းကို ဖျက်စီးပြီး မင်းဆက်အသစ်ထူထောင်ခဲ့ပါတော့တယ်.... ရှေ့တွေမှာ အီဘန်းဝန်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့တာမို့ ရှုထောင့်အသစ်ကနေ တင်ဆက်ထားတဲ့ ဒီကားလေးထဲမှာရော အီဘန်းဝန်ရဲ့ဇာတ်ကြောင်းက ဘယ်လိုပြောင်းလဲသွားဦးမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းကိုတော့ Ei Phyu Khin မှရေးသားပေးထားပါတယ်... Episodes: 32 Duration: 60 Min Quality : HDTV 1080p,720p Genres: Drama, History & Action Translated by Khine Khine Wai,Ei Phyu Khin, Hnin Pale & Lwin Lwin Aung Encoded by Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
December 11, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.0 / 10
Director
Kim Hyeong-il, Sim Jae-hyun