
IMDb 7.1/10, Rotten tomatoes 67% ၂၀၀၈ ခုနှစ်တုန်းက ကိုရီးယားမှာ ဂျောင်မြောင်ဆော့ဆိုတဲ့ ဒိတ်ဒိတ်ကြဲဘာသာရေးခေါင်းဆောင်တစ်ယောက် သူ့ရဲ့ ဖော်လိုဝါမိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အမှုနဲ့ ထောင် ၁၀ နှစ်ကျသွားခဲ့တယ်။ အဲဒီလူဟာ သူ့ကိုယ်သူ ယေရှုဝင်စားတဲ့သူ၊ ဘုရားသခင်ရဲ့တမန်တော်ပါလို့ ကြေညာခဲ့ပြီး ယုံကြည်ကိုးကွယ်သူပေါင်းလည်း ထောင်သောင်းကျော်တဲ့အထိ များပြားခဲ့တာပါ။ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကြောင့် ထောင် ၁၀ နှစ်ကျသွားခဲ့ပေမဲ့ ၂၀၁၈ ထောင်ကထွက်လာခဲ့ပြီး လျှပ်စစ်ခြေပတ် ပတ်ထားရတဲ့အချိန်မှာတောင် သူဟာ ဆိုးရွားတဲ့ လိင်ပြစ်မှုတွေကိုဆက်လက်ကျူးလွန်နေဆဲပါပဲ။ အဲဒီ လိင်ပြစ်မှုတွေရဲ့ နစ်နာသူ မိန်းကလေးတွေ speak up လုပ်ကြရာကနေ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲ ဖြစ်မြောက်လာခဲ့ပါတယ်။ ဒီ မှတ်တမ်းရုပ်သံမှာဆိုရင် ဂျောင်မြောင်ဆော့အပါအဝင် ဘတ်ဆွန်းဂျာ၊ ဂင်ဂီဆွန်း၊ အီဂျယ်ရော့ဆိုတဲ့ မတူညီတဲ့အရေခြုံဘာသာရေးဂိုဏ်းခေါင်းဆောင်လေးယောက်ရဲ့ အမှောင်ဘက်ခြမ်းနဲ့ ဆိုးယုတ်တဲ့ပြစ်မှုတွေ၊ ဘာသာရေးခုတုံးလုပ်မှုတွေ၊ မျက်စိမှိတ်ယုံကြည်ကိုးကွယ်မှုရဲ့ ဆိုးကျိုးတွေကို သေချာဖော်ပြထားပါတဲ့အတွက် ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကြိုက်တတ်သူတွေ စိတ်ဝင်စားကြမယ့်ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲမှာဆိုရင် ကြမ်းတမ်းတဲ့ တချို့စကားလုံးအသုံးအနှုန်းတွေ၊ ပြကွက်တွေပါဝင်တာမလို့ အသက်မပြည့်သေးသူတွေအတွက် ကြည့်ရှုဖို့မသင့်တော်ပါဘူး။ In the Name of God: A Holy Betrayal ( ဘာသာရေးခုတုံး ) ဆိုတဲ့ ယခုမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကို ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ Quality : 1080p WEBRIP / 720p Total Episodes :8Eps Format : mp4 Genres :52mins Duration :6h 29m Subtitle : Myanmar Subtitle ( Hardsub ) Translated by Zwe Yan Naing~Kakashi Encoded by YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
March 3, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.9 / 10
Director
Jo Sung-hyun