
ပြီးခဲ့တဲ့ အတွဲ ( ၂ ) မှာတော့ တန်ဂျီရိုတို့ဟာ အထက်မိစ္ဆာ ဂယူတာရိုနဲ့ အသေအကြေတိုက်ခိုက်ခဲ့ကြပြီး နဲဇူကိုရဲ့ သွေးမိစ္ဆာအစွမ်းကြောင့် အနိုင်ရခဲ့ကြပေမဲ့ တိုက်ပွဲဒဏ်ရာတွေကြောင့် သေကောင်ပေါင်းလဲ ဖြစ်ကုန်ကာ ဆရာ့ဆရာကြီး အသံဟာရှီရာ တန်ဂန်က သူ့ရဲ့ မဟေသီလေးယောက်နဲ့အတူ အဝေးကိုထွက်ပါတယ်။ အခု အသစ်စက်စက် အတွဲ ( ၃) မှာတော့ ကိုမာဝင်နေကြတဲ့ တန်ဂျီရိုတို့ သတိပြန်ရလာကြပြီး ဒဏ်ရာနည်းတဲ့ ဇဲနစ်စုနဲ့အီနိုဆူခဲတို့က မစ်ရှင်ကိုယ်စီနဲ့ ခရီးထပ်ထွက်ကုန်ကြပါတယ်။ ဒဏ်ရာပြင်းတဲ့ တန်ဂျီရိုကတော့ တစ်ယောက်တည်းကျန်ခဲ့ပြီး ဒဏ်ရာပြန်ကောင်းလာတဲ့အချိန် သူ့မှာ ဓားမရှိတော့တဲ့အတွက် ဓားအသစ်တစ်ချောင်းထပ်ယူဖို့ နီချီရင်ဓားတွေထွက်တဲ့ ဓားသွန်းရွာကို တစ်ယောက်တည်းထွက်သွားခဲ့ရင်း ဓားသွန်းရွာမှာ စွန့်စားခန်းတွေ ထပ်ကြုံရပါတော့တယ်။ ဒီ မိစ္ဆာနှိမ်နင်းသူ အတွဲ ( ၃ ) ဟာဆိုရင် မူရင်း မန်းဂထဲက ဓားသွန်းရွာ ဇာတ်ကြောင်းပိုင်းကို ဖန်သားပြင်ပေါ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်လို့ ထွေထွေထူးထူး ထပ်မညွှန်းတော့ဘဲ ပရိသတ်များ ကြည့်ရှုခံစားရန်အလို့ငှာ စီအမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အားပေးကြပါကုန်...။ File Size – 800MB / 400MB Quality – 1080p WEB DL / 720p Duration – 49mins Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Action & Adventure, Sci-Fi & Fantasy Translator –Zwe Yan Naing~Kakashi~Shwe Pyae Sone Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
April 9, 2023
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.7 / 10
Director