
ဒီတစ်ခါတင်ဆက်ပေးမှာတော့ အမေရိကန် Mystery Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရောဂါကပ်ဘေးကြောင့် အိမ်ကနေပဲ Zoom နဲ့ဆက်သွယ်ကြတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ် လူတကာက ရူးကြောင်ကြောင်လို့ သတ်မှတ်ကြတဲ့ ပါရမီရှင်ဖင်န်နလေဟာ့ဒ်ဟာ ပရောဂျက်စလုပ်မယ့်အချိန်မှာပဲ အလုပ်ကထုတ်ခံလိုက်ရပါတယ် အဲလိုနဲ့ သူ မသေခင်မှာ လက်စမသတ်နိုင်သေးတဲ့ ပရောဂျက်ကို သူ အယုံကြည်ရဆုံးလူ ၅ယောက်ကို အကြံပေးရာကနေတစ်ဆင့် စုစည်းပြီး ပြန်အသက်သွင်းဖို့မှာထားခဲ့ပါတယ် ပရောဂျက်ကလျှို့ဝှက်ပရောဂျက်ဖြစ်တဲ့အပြင် ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုတော့ အရေးပေါ်ဖွဲ့လိုက်တဲ့အဖွဲ့ဟာ ဆက်လုပ်ဖို့ဖြစ်လာပါတော့တယ် သူတို့တစ်ခုသတိလွတ်သွားတာက သူတို့ကိုစောင့်ကြည့်နေတဲ့သူရှိနေတယ်ဆိုတာပါပဲ မသိလိုက်ခင်မှာပဲ အိမ်ထဲကိုဝင်သလို အရေးပေါ်အဖွဲ့ဝင်တွေရဲ့ မိသားစုကိုလည်း ရန်ရှာလာခဲ့ပါတယ် လျှို့ဝှက်ချက်တွေအပြည့်နဲ့ ဖင်န်နလေထားခဲ့တဲ့ ပုစ္ဆာကို အရေးပေါ်အဖွဲ့က အဖြေရှာနိုင်မလား သူတို့ကရော နောက်ဆုံးထိ အသက်မသေဘဲ ပရောဂျက်ကိုဆက်လုပ်နိုင်မလားဆိုတာ လှည့်ကွက်တွေအများကြီးနဲ့ Zero Contact ကိုကြည့်ရှုပေးကြပါဦးနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz နဲ့ Hmwe ပဲ ဖြစ်ပါတယ်။ Genre.....Thriller Quality….1080p | 720p| 480p File size…1.9GB | 734MB | 278MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 720p | 735MB | Download | |
| 1080p | 1.9GB | Download | |
| 720p | 735MB | Download |
ထုတ်လွှင့်သည့်နေ့
May 27, 2022
ကြာချိန်
1h 36m
အဆင့်သတ်မှတ်ချက်
4.2 / 10
Director
Rick Dugdale