
ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ ထွက်ရှိထားတဲ့ Comedy ဆန်ဆန့် ပေါ့ပေါ့ပါးပါး မိသားစုရုပ်ရှင် ဇာတ်ကားလေးပါ။ ဂျင် ကော့ဝဲလ် က ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာ သမီးလေး ဖြစ်သူ ဂျန်နီ နဲ့ အတူနေထိုင်ပါတယ်။ ဒီလိုနဲ့ ဂျန်နီလေး တစ်နေ့မှာ လက်ထပ်မဲ့အချိန်ရောက်လာတော့ မင်္ဂလာပွဲစီစဥ်ပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက်ရဲ့ ဆန္ဒအတိုင်း ဂျင် နဲ့ သူ့ဇနီးတို့ လက်ထပ်ခဲ့တဲ့ ကျွန်းကလေးမှာပဲ မင်္ဂလာဆောင်ဖို့ အတွက် စာရင်းသွင်းလိုက်ပါတော့တယ်။ ဒါပေမဲ့လည်း တိုက်တိုက်ဆန်ဆန်ပဲ စာရင်းမှတ်တဲ့ ဟိုတယ်ဘက်က အမျိုးသမီးက ဖုန်းဖြေကြားပြီးနောက်မှာပဲ ဆုံးပါးသွားတာကြောင့် စာရင်း မမှတ်လိုက်ရပါဘူး။ တစ်ဘက်မှာလည်း မိဘ အသိုင်းအဝိုင်းက သဘောမတူလို့ အစ်မဖြစ်သူ မာဂုတ်ကိုပဲ အားကိုးပြီး မင်္ဂလာပွဲစီစဥ်ရမဲ့ သတို့သမီးလေး နဗ် တစ်ယောက်ရှိနေပါတယ်။ သူတို့ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂျင် တို့ စာရင်းသွင်းထားတဲ့ ရက်မှာပဲ စာရင်းသွင်းလိုက်မိတာကြောင့် မင်္ဂလာဆောင်နှစ်ခုက တပြိုင်တည်းမှာ စာရင်းသွင်းမိသလိုဖြစ်သွားပါတော့တယ်။ ဆိုတော့ ဒီဇာတ်ကားလေးမှာတော့ နေရာကျဥ်းကျဥ်းလေးထဲမှာ မင်္ဂလာဆောင်နှစ်ခု ဖြစ်နေတဲ့ မိသားစု နှစ်စုရဲ့ ပွတ်တိုက်မှုတွေ အလွဲအချော်တွေကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပါ။ သူတို့တွေ ဘယ်လိုဖြေရှင်းကြမလဲ … ဘာတွေ လွဲချော်ကြမလဲဆိုတာကိုတော့ ပေါ့ပေါ့ ပါးပါး ခံစား ကြည့်ရှုလိုက်ကြရအောင်လားခင်ဗျာ။ File size… (1.57GB) / (877MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil