
ဒီကားလေးမှာတော့ အလွန်အကျွံဂရုစိုက်တတ်တဲ့ ဖခင်ဖြစ်သူတွေနဲ့ လွတ်လပ်လိုစိတ်အပြည့်ရှိတဲ့ သားသမီးတွေကြားက ပဋိပက္ခဖြစ်ရပုံတွေကို သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာဖြစ်ပါတယ်… မာရီယာနာဟာ ဘရာဇီးနိုင်ငံသူဖြစ်ပြီး ဂီတကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ် .. မိခင်ကဲ့သို့ အနုပညာဝါသနာထုံသူဖြစ်သော်လည်း ဖခင်ဖြစ်သူ အိုတာရီယိုဟာ မိသားစုလုပ်ငန်းဖြစ်သည့် စားသောက်ဆိုင်အလုပ်ကိုသာ လုပ်ကိုင်စေလိုသူဖြစ်ပြီး မာရီယာနာ့အိပ်မက်တွေကို လျစ်လျူရှုခဲ့ပါတယ်… သို့သော်လည်း မာရီယာနာဟာ ဖခင်လောင်းရိပ်အောက်မှ ရုန်းထွက်ဖို့ကြိုးစားကာ ပဲရစ်ရှိဂီတကျောင်းတစ်ခုသို့ တက်ရောက်နိုင်ခဲ့ပါတယ်.. အာဂျင်တိုင်းသားဖြစ်သူ မီဂေးလ်ဟာလည်း ဟိုတယ်လုပ်ငန်းရှင်မိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ရဲ့ လိုလေသေးမရှိ စောင့်ရှောက်မှုကိုခံရသူဖြစ်ပါတယ်.. ပြင်သစ် အနုပညာကျောင်းတစ်ခုမှာ ဆုံတွေ့ပြီး ချစ်ကြိုက်ကာ လက်ထပ်ဖို့အထိ ရည်ရွယ်ကြတဲ့ မိဘများရဲ့ လောင်းရိပ်မမိလိုသူ မာရီယာနာနဲ့ မီဂေးလ်တို့ နှစ်ဦးဟာ အလွန်အကျွံအကာအကွယ်ပေးတတ်တဲ့ ဖခင်နှစ်ဦးနဲ့ ထိပ်တိုက်ဆုံရတဲ့နောက်မှာတော့ မိဘနဲ့သားသမီးကြား အပြန်အလှန်ပွတ်တိုက်မှု ဖြစ်ပွားပါတော့တယ်.. ဒီကားလေးမှာဆိုရင် အာဂျင်တီးနားနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ မတူညီတဲ့ ရှုခင်းတွေ ရာသီဥတုတွေ ဓလေ့ထုံးတမ်းတွေကို လှလှပပ ရိုက်ကူးတင်ဆက်ထားပြီး ရယ်ရယ်မောမောကြည့်ရှုရမှာ ဖြစ်လို့ ရုပ်ရှင်ချစ်သူများ အပန်းပြေကြည့်ရှုနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ…… File Size… (1.82 GB) / (967 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 21m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.82 GB | Download | |
| 1080p | 1.82 GB | Download | |
| 1080p | 1.82 GB | Download | |
| 1080p | 1.82 GB | Download | |
| 720p | 967 MB | Download | |
| 720p | 967 MB | Download | |
| 720p | 967 MB | Download | |
| 720p | 967 MB | Download | |
| 720p | 967 MB | Download |
ထုတ်လွှင့်သည့်နေ့
July 17, 2025
ကြာချိန်
1h 20m
အဆင့်သတ်မှတ်ချက်
5.0 / 10
Director
Felipe Joffily