
You Can Live Forever (2022) ~ IMDb - 6.9/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားကိုကြည့်မယ်ဆိုရင် Jehovah's Witness လို့ခေါ်တဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို သိထားဖို့တော့လိုပါလိမ့်မယ်။ JW တွေက ခရစ္စယာန်ဘာသာကနေ ကွဲထွက်လာတဲ့ ကမ္ဘာကြီးအဆုံးသတ်တော့မယ်လို့ ယူဆနေတဲ့သူတွေပါ။ သူတို့မှာ ငရဲမရှိပါဘူး။ ကမ္ဘာကြီးအဆုံးသတ်မှာ မကောင်းတဲ့သူတွေ၊ မကောင်းမှုတွေအကုန်လုံးက ပပျောက်သွားပြီး ကမ္ဘာက သုခဘုံအဖြစ်ကျန်ခဲ့မယ်လို့ယူဆထားကြပါတယ်။ ရှင်ကျန်ခဲ့တဲ့သူတွေကတော့ Jehovah ကို ဖူးတွေ့နိုင်တဲ့သူတွေဖြစ်လာပြီး ထာဝရ သုခဘုံမှာ နေနိုင်တဲ့သူတွေဖြစ်လာကြမှာဖြစ်တဲ့အတွက် အသည်းအသန် ဘာသာရေးလိုက်စားကြတဲ့ လူတွေပါ။ ဘာသာရေးအစွန်းရောက်တွေလို့ ပြောလို့ရနိုင်တဲ့သူတွေပေါ့။ သူတို့ဘာသာရေးအစွန်းရောက်တာက သူတို့အုပ်စုထဲမှာတင်ဆိုတော့ သိပ်ပြဿနာတော့မရှိလှပါဘူး။ မွေးနေ့ပွဲတွေ ခရစ္စမတ်ပွဲတွေလည်း ကျင်းပခွင့်မရှိဘူးတဲ့။ အဲဒီတော့ မွေးနေ့မှာ ဘာမှမကျွေးချင်ရင် မွေးနေ့မတိုင်ခင် ဒီဘာသာသွားပြောင်းထားလို့ရတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားထဲက မင်းသမီးအတွက်တော့ ပြဿနာတက်စရာကြုံလာပါတယ်။ သူက မိန်းကလေးချင်းသဘောကျတဲ့သူဖြစ်ပြီး အရမ်းကို စည်းကမ်းတင်းကြပ်တဲ့ JW ကောင်မလေးတစ်ယောက်ကို သွားကြိုက်မိတာပါပဲ။ ဒီတိုင်း ဘာမှ အရမ်းစိတ်လှုပ်ရှားစရာမပါတဲ့ ရိုးရိုးရှင်းရှင်း အချစ်ဇာတ်ကားလေးဖြစ်ပြီး ကြည့်ရတာ ကြည်နူးဖို့ကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးပိုင်းမှာ ပါးစပ်အဟောင်းသားဖြစ်စရာ၊ တချို့စိတ်မခိုင်တဲ့သူတွေ ထဆဲချင်စရာကိစ္စတစ်ခုတော့ ပါပါတယ်။ အတော်လေးကို နူးနူးညံ့ညံ့နဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 765MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 36Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |