
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ကာဂဲယာမာက ဆရာကြီးကို အစွမ်းကုန်ကယ်တင်ဖို့ ကြိုးစားပေမယ့် စွမ်းအားနည်းလွန်းတာကြောင့် ကျရှုံးခဲ့တယ် ဆရာကြီးဟာ သေခါနီးအချိန်မှာ ကာဂဲယာမာကို vampire သွေးလက်ဆင့်ကမ်းခဲ့တယ် စွမ်းရည်အသစ်တွေကို အသားကျဖို့ ထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်း ဘယ်လိုလက်တုံးပြန်နိုင်မလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦးလို့ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__(1.7GB) / (880MB) Quality__BluRay_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:56:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 720p | 880 MB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 880 MB | Download |