
Worst Woman (2016) ******************** IMDb… 6.5 ဒီတစ်ခါမှာတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကသရုပ်ဆောင်ဆောင်တွေအဖြစ် Hello, My Twenties ထဲက မင်းသမီး Han Ye Ri နှင့်အတူ Karma ထဲက Lee Hee Joon ၊ Longing For You နဲ့ Connection ကားတွေထဲမှာ Kwon Yul တို့အပြင် ဂျပန်မင်းသား Iwasa Ryo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- ဒီဇာတ်လမ်းက Titleကို ကြည့်ရင် မင်းသမီးကို ပွေရှုပ်တဲ့ဇာတ်ကောင်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ ယွန်ဟီးဆိုတဲ့ ကောင်မလေးရဲ့ ဆိုးရွားတဲ့တစ်နေ့တာကို ပုံဖော်ပြထားတဲ့ ဇာတ်လမ်းလေးပါ။ သရုပ်ဆောင်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ ယွန်ဟီးတစ်ယောက် ချစ်သူကောင်လေးနဲ့ တွေ့ဖို့သွားတဲ့လမ်းမှာ ယောက်ျားလေး နှစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ တစ်ရက်တည်းမှာတင် ယောက်ျားလေးသုံးယောက်နဲ့ တွေ့ဆုံခဲ့ပြီး တစ်ယောက်ချင်းစီအလိုက် သူ့ရဲ့ပုံစံက ပြောင်းလဲနေခဲ့တာပါ။ နွေးထွေးပြီးနူးနူးညံ့ညံ့နေတတ်တဲ့ မိန်းကလေးလည်း ဖြစ်သွားတတ်သလို တည်ငြိမ်ရင့်ကျက်တဲ့ မိန်းကလေးအဖြစ်လည်း ပြောင်းလဲသွားတတ်တဲ့အပြင် ယောက်ျားဆန်ပြီး စိတ်မရှည်တတ်တဲ့ ပုံစံလည်း ရှိနေပါသေးတယ်။ ယွန်ဟီး ကြုံတွေ့ရသမျှက ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ သရုပ်ဆောင်နေခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။ အဲဒီထဲမှာမှ သူတွေ့ခဲ့ရတဲ့ ဂျပန်စာရေးဆရာ ရိုဟေးကလည်း ယွန်ဟီးနဲ့မခြားမနားပါပဲ။ သူ့ရဲ့တစ်နေ့တာကလည်း ပရမ်းပတာတွေနဲ့ ဆိုးရွားနေခဲ့တာပါ။ တစ်နေ့တာရဲ့ အဆုံးသတ်မှာ မျိုးစုံကြုံတွေ့ခဲ့ရပြီးမှ သိလာရတဲ့ ရိုဟေးရဲ့ စိတ်ကူးထဲက ဇာတ်သိမ်းက ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ဆိုတာပါပဲ။ ဒီကားရဲ့ ဒါရိုက်တာက IUရဲ့ Persona ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ သူရိုက်ကူးသမျှက ရိုးရှင်းပေမဲ့ နက်နဲတာတွေချည်းပဲဆိုတော့ ဒီကားကလည်း ကြည့်နေရင်း ကိုယ်ပုံဖော်ချင်တဲ့ ဇာတ်သွားအတိုင်း တွေးကြည့်ရမဲ့ကားဆိုတော့ ဘာမက်ဆေ့ချ်ကို ပေးချင်လဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားရင်း အဖြေရှာကြည့်ဖို့ အကြံပြုပေးချင်ပါတယ်။ File Size… 1.23GB/ 590MB Quality…WEB-DL 1080p/ 720p Format…mp4 Duration…1h 33m Genre …..Romance, Life, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.23GB | Download | |
| 1080p | 1.23GB | Download | |
| 1080p | 1.23GB | Download | |
| 1080p | 1.23GB | Download | |
| 720p | 590MB | Download | |
| 720p | 590MB | Download | |
| 720p | 590MB | Download | |
| 720p | 590MB | Download | |
| 720p | 590MB | Download |