
အမေရိကကို ဒီမိုကရေစီဘိုးတော်နိုင်ငံ၊ လူ့အခွင့်အရေးကို တန်ဖိုး အထားဆုံး နိုင်ငံတွေထဲက တစ်ခုအဖြစ်ပြောကြလျှင် လူတချို့က ရယ်ကြလိမ့်မည်၊ ထိုလူတွေက တခြားမဟုတ် အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ ယူအက်စ်နိုင်ငံသားတွေလို့ ပြောရင် နည်းနည်းတော့ ဆန်းနေလိမ့်မည်၊ နိုင်ငံသားဟုဆိုရာတွင် ကိုလံဘတ်စ်ရောက်ပြီး နောက်ပိုင်း တစ်စတစ်စ ရောက်လာသည့် ဥရောပမျိုးစပ်များကို ပြောတာမဟုတ်ပေ၊ အင်ဒီးယန်းအပါအဝင် အမေရိကတိုက်ဟူ၍ ရှိကတည်းက နေထိုင်လာကြသည့် ဒေသခံ တိုင်းရင်းသားများကို ဆိုလိုခြင်းဖြစ်သည်။ အင်ဒီးယန်းသားတို့ ဤသို့ ခံစားရသည်မှာ အကြောင်းရှိသည်၊ ကိုလံဘတ်စ် အမေရိကတိုက်ကို စတင်တွေ့ရှိခဲ့သည့် ၁၄၉၂တွင် သန်း၈၀ကျော်ရှိခဲ့သော ဒေသခံတိုင်းရင်းသားများသည် ၂၁ရာစု အစောပိုင်းတွင် ၉၀%ကျော် ဆုံးရှုံးသွားပြီး သိန်းဂဏန်းခန့်သာ ကျန်ရစ်တော့သည်အထိ ဥရောပမျိုးစပ် - အမေရိကန်များသည် ဒေသခံ အမေရိကန်နိုင်ငံသား စစ်စစ်များအပေါ် ဖိနှပ်ချိုးနှိမ်မှု ပေါင်းစုံ ကျူးလွန်ခဲ့သည်၊ နယ်မြေများကို သိမ်းပိုက်ပြီး သီးသန့် နယ်မြေငယ်များ ဖွဲ့စည်းပြီး ပြည်မပြည်သူများနှင့် အဆက်ဖြတ် ခဲ့သည်၊ ဒါတင်မကဘဲ နိုင်ငံသားစာရင်းကနေ ဖျောက်ပစ်ဖို့အထိ စနစ်တကျဆောင်ရွက်ခဲ့သည်၊ စာအဖြစ်သာပြောရရင် ယုံနိုင်စရာမရှိပေမယ့် အင်ဒီးယန်းနွယ် ဖြစ်သည့် လာကိုတာမျိုးနွယ်များသည် ဒီလိုဖိနှိပ်မှုဒဏ်များကို အဆိုးဆုံး ခံစားခဲ့ရသူတွေဖြစ်သည်၊ ယခုDocumentaryတွင် အထက်ပါ ဖိနှိပ်မှုများအပြင် အမေရိကန်သမိုင်း၏ အရုပ်ဆိုး အကျည်းတန်ဆုံးWounded Knee လူမျိုးတုံးသတ်ဖြတ်မှုနှင့် လာကိုတာလူမျိုးများနှင့် တခြားအင်ဒီးယန်းတို့ ခံစားခဲ့ရသည့် နိုင်ထက်စီးနင်းမှုများအကြောင်း စိတ်ဝင်စားဖွယ်တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ File size…1.46GB / 633MB Quality…1080p AMZ WEB DL AAC5.1CH / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.46GB | Download | |
| 720p | 633MB | Download | |
| 1080p | 1.46GB | Download | |
| 720p | 633MB | Download |
ထုတ်လွှင့်သည့်နေ့
April 12, 2022
ကြာချိန်
1h 26m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Deborah Anderson