
ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating – 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်းစည်းစေချင်သူတွေကတော့ ဂျာမန်လူမျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ပြခန်းမှာ ပြသထားခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Maria Altmann ဟာ Adele Bloch-Bauer ရဲ့တူမပါ။ 1998 ခုနှစ်မှာ ဩစတြီးယားအစိုးရက မတရားသိမ်းယူခံထားရတဲ့အနုပညာပစ္စည်းတွေကို ပိုင်ရှင်ဆီပြန်လည်အပ်နှင်းဖို့ ရီစတီကျူးရှင်းကော်မတီကိုဖွဲ့စည်းခဲ့ပါတယ်။ ထိုအခါ Maria Altmann ဟာလည်းသူမအဒေါ်ရဲ့ ပုံတူပန်းချီကားကိုပြန်လည်ရရှိနိုင်ဖို့အတွက် ရှေ့နေတစ်ယောက်ကိုငှားခဲ့ပါတယ်။ Eric Randol Schoenberg ပါ။ Maria နဲ့ Randol တို့နှစ်ယောက် ဩစတီးယားနိုင်ငံကိုသွားခဲ့ပြီး သူမရဲ့ပန်းချီကားနဲ့စပ်လျဉ်းတဲ့အမှုကိုစဉ်းစားရာမှာ ထည့်သင့်တဲ့အချက်အလက်တစ်ချို့ကို ကော်မတီကိုသွားပေးခဲ့ပါတယ်။ တကယ်တော့ ဩစတြီးယားအစိုးရက လူထုအာရုံစိုက်ရုံမျှသာ ရီစတီကျူးရှင်းကော်မတီကိုဖွဲ့စည်းခဲ့တာဖြစ်ပြီး အနုပညာပစ္စည်းများကို ပြန်လည်အပ်နှင်းလိုတဲ့ဆန္ဒမရှိပါဘူး။ ထိုအခါ Maria Altmann နဲ့ Randol Schoenberg တို့နှစ်ယောက်ဘာဆက်လုပ်ကြမယ်ဆိုတာကို ရုပ်ရှင်ထဲမှာကြည့်ရှုခံစားကြပါခင်ဗျာ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 720p | 680 Mb | Download | |
| 720p | 680 Mb | Download | |
| 720p | 680 Mb | Download | |
| 720p | 680 Mb | Download | |
| 720p | 680 Mb | Download |
ထုတ်လွှင့်သည့်နေ့
March 20, 2015
ကြာချိန်
1h 49m
အဆင့်သတ်မှတ်ချက်
7.3 / 10
Director
Simon Curtis